ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ စရိုက်နှင့်ဝါသနာတရားတော် ဗီဒီယိုကြည့်ရန်
၁။ စရိုက်
ပကတိ လူတွေရဲ့ စိတ်နေသဘောထား၊ စိတ်မှာ အဖြစ်များတဲ့ စိတ်အခြေအနေ၊ ကိလေသာ။
စရိယ - အမူအကျင့်၊ စရိုက်
စရိယာ - တရား
စရိတ - အကျင့်စရိုက်ရှိသူ
စရိုက် ၆ မျိုး
အကုသိုလ်စရိုက် ၃ မျိုး
၁) ရာဂစရိယ - ကာမဂုဏ်အာရုံကို မက်မော၊ နှစ်သက်စရာ မြင်ရင် ကြိုက်။
၂) ဒေါသစရိယ - ထစ်ခနဲဆို ဒေါသထွက်။
၃) မောဟစရိယ - ပြောရင် တွေးရင် လုပ်ရင် ကို့ယို့ကားယား၊ ကြောင်းကျိုးဆီလျော်မှုမရှိ။
ကုသိုလ်စရိုက် ၃ မျိုး
၄) သဒ္ဓါစရိယ - ကုသိုလ်ရေးလုပ်ချင်၊ လှူချင်၊ သီလစောင့်ချင်၊ တရားနားထောင်ချင်၊ တရားအားထုတ်ချင်။
၅) ဝုတ္တိစရိယ- ရမ်းမလုပ်၊ ပေါ့ပေါ့မထား၊ အလေးအနက်ထား စဥ်းစား။
(ရှင်သာရိပုတ္တရာ - ဝိပဿနာရှု၊ အသေးစိတ်ရှု၊ ရဟန္တာဖြစ်တာ ၂ ပတ်ကြာ၊ အနုပဿန ဓမ္မဝိပဿနာ)
ရှင်မောဂ္ဂလာန် - ဝိပဿနာရှု၊ အသေးစိတ်မရှု၊ ရဟန္တာဖြစ်တာ ၁ ပတ်ပဲကြာ)
၆) ဝိတက်စရိယ - အသေအချာ တွေး၊ ဒွါရက ဝင်လာတာကို တွေး။
၂။ ဝါသနာ
ထုံမွမ်းခြင်း၊ စရိုက်တွေကနေ အကျင့်ကြီးပါသွား၊ အဖြစ်များတာတွေ မပျောက်နိုင်အောင် စွဲသွားခြင်း၊ ကိလေသာသတ္တိ၊ Habitual Practice။
၃။ ဘာကြောင့် စရိုက်တွေ ရှိရတာလဲ?
၁) ပဋိသန္ဓေကို ဖြစ်စေတဲ့ ကံတရားက စရိုက်ကို ဖြစ်စေတဲ့ အကြောင်းတရား
(ကုသိုလ်လုပ်စဥ် ဖြစ်နေတဲ့ စိတ်နေသဘောထား။
ရာဂ - အကျိုးကို လိုချင်လို့လုပ်
ဒေါသ -
မောဟ - ဇဝေဇဝါ၊ သူများလုပ်လို့ လုပ်တာ
၂) ဒီဘဝမပြင် နောက်ဘဝပါ ကူးသွားနိုင်
(ခွေးလေးတွေ - စိတ်ကောင်းရှိ၊ မာန်ဖီ၊ ညစ်ပတ်၊ သန့်တဲ့ ခွေး)
၃) ဒေါသကြီးရင် ကျား၊ ကျားသစ်၊ မြွေ၊ နဂါး၊ ခြသေ့ ဖြစ်တတ်
၄။ မြတ်စွာဘုရား - ကိလေသာကို ဝါသနာနဲ့တကွ ပယ်
ရဟန္တာ - ကိလေသာကို ပယ်၊ ဝါသနာကျန် (ဥပမာ ဘီယာကုန်သွားရင် ဘူးထဲမှာ ဘီယာနံ့ ကျန်ခဲ့သလိုမျိုး)
၁) ရှင်ပိလိန္ဒဝစ္စ - ဝိဇ္ဇာဓိုရ် (ဘိုးတော်)၊ သူများစိတ်ကို သိ၊ ကောင်းကင်ပျံနိုင်၊ စူဠဂန္ဓာရီ ဝိဇ္ဇာအတတ် တတ်)
ဝါသနာအကျင့်ဆိုး - လူမြင်ရင် ဝသလ (သူယုတ်မာ) လို့ ခေါ်
ရဟန္တာ ဖြစ်ပေမဲ့ ဝါသနာမပျောက်
၂) ရှင်မောဂ္ဂလာန် - စိတ်ဆတ်
၅။ စရိုက်ကို ဘယ်လိုပြင်မလဲ?
၁) ရာဂစရိုက် - အသုဘဘာဝနာနဲ့ပယ်၊ မတင့်တယ်ဘူး၊ ရွံစရာလို့ မြင်။
(မလှဘူး၊ မစင်ကြယ်ဘူးဆိုတာ မြင်၊ ၃၂ ကောဌာသ ရှု)
၂) ဒေါသစရိုက် - မုန်းတီးမှုကို မေတ္တာတရားပွားပြီး ပယ်။
(သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း)
၃) မောဟစရိုက် - တရားနာပြီး သတိထူထောင်၊ သမာဓိထူထောင်၊ မသိတာကို မေး။
၆။ သတိပဌာန်၊ သတိထားပြီးကြည့်
၁) ဘာစရိုက်ရှိလဲ၊ ဘာအဖြစ်များလဲ?
၂) သတိမရှိဘဲ အသိဉာဏ် ဘယ်လိုမှ မဖြစ်နိုင်။
၃) ဘာလုပ်လုပ် သတိရှိရမယ် (ဥပမာ - စားနေ၊ အပေါ့သွားတာက အစ)
No comments:
Post a Comment