Tuesday, August 1, 2023

၁၈။ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ဂုဏ်တော် ၉ ပါး မြန်မာပြန် အနက်အဓိပ္ပာယ်

ဘုရားဂုဏ်တော် ၉ ပါး 

ဣတိပိ သော ဘဂဝါ - ဤသို့ မြတ်စွာဘုရားသည် 

၁။ အရဟံ - ကိလေသာ အကုန်ကင်းစင်ခြင်း။ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း။

၂။ သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် (ကိုယ်တိုင်) မှန်ကန်စွာ သိခြင်း။

သမ္မာ - မှန်ကန်စွာ၊ သံ - ကိုယ်တိုင်၊ ဗုဒ္ဓေါ - သိခြင်း။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော - အသိဉာဏ် (ဝိဇ္ဇာ) အကျင့် (စရဏ)တို့နှင့် ပြည့်စုံခြင်း။

၄။ သုဂတော - မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း။ မှန်ကန်သော နိဗ္ဗာန်ကို ကြွသွားတော်မူခြင်း။

၅။ လောကဝိဒူ - လောကသုံးပါးကို ကုန်စင်အောင် သိခြင်း။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ဆုံးမရာမှာ အသာဆုံးဖြစ်ခြင်း/အတုမရှိခြင်း။

၇။ သတ္ထာဒေဝမနုဿာနံ - လူနတ်သတ္တဝါတို့၏ ကိုးကွယ်ရာ ဆရာတစ်ဆူဖြစ်ခြင်း။

၈။ ဗုဒ္ဓေါ - သစ္စာလေးပါးကို အများသိအောင် ဟောပြောနိုင်ခြင်း။

၉။ ဘဂဝါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံခြင်း။

တိ။


ကိလေသာ ၁၀ ပါး

လောဘ၊ ဒိဋ္ဌိ၊ မာန၊ ဒေါသ၊ ထိန၊ မောဟ၊ အဟီရိက၊ အနောတပ္ပ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ 

(ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ မပါ) မိဒ္ဓ?


အကျင့်စရဏ ၁၅ ပါး


လောကသုံးပါး 

ဩကာသလောက

သတ္တလောက

သင်္ခါရလောက 


တရားဂုဏ်တော် ၆ ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော - အကြောင်းအကျိုး မှန်ကန်စွာ ဟောထားခြင်း။

၂။ သန္ဒိဋ္ဌိကော - ကိုယ်တိုင်လည်း သိနိုင်ခြင်း။

၃။ အကာလိကော - အချိန်စောင့်ဆိုင်းစရာမလို အခုပဲသိ၊ အခုပဲ အကျိုးခံစားရနိုင်ခြင်း။ (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်)

၄။ ဧဟိပဿိကော - သူတစ်ပါးကိုလည်း လာကြည့်လှည့်ပါဟူ၍ ဖိတ်ခေါ်နိုင်ခြင်း။

၅။ ဩပနေယျိကော စိတ်မှာ အမြဲကပ်ပြီး ဆောင်ထားထိုက်တဲ့ တရား။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ - ကိုယ်တိုင် ကျင့်ထားသည့် တရားအကျိုးကို ကိုယ်တိုင်ခံစားရခြင်း။


သံဃာ့ဂုဏ်တော် ၉ ပါး

ကျင့်နေစဉ် ဂုဏ်ရည်

၁။ သုပ္ပဋိပန္နော ဘဂဝါတော သာဝကသံဃော - မှန်ကန်တဲ့ အကျင့်ကို ကျင့်ခြင်း

၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - အစွန်းရောက်တဲ့ အကျင့်ကို ရှောင်ပြီး မဇ္ဈိမပဋိပဋာ ဖြောင့်မှန်သော လမ်းစဉ်ကို ကျင့်ခြင်း

၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - နိဗ္ဗာန် (ဉာယ) ကို ရောက်စေနိုင်တဲ့ လမ်းစဉ်ကို ကျင့်ခြင်း 

၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - မှန်ကန်တဲ့ အကျင့် (အကြောင်း)နဲ့ အကျိုး လိုက်လျောညီထွေမှုရှိခြင်း


ကျင့်ပြီး ရရှိသည့် အကျိုးကျေးဇူး

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ -  အရိယာ ၄ စုံနဲ့   ဦး

ဧသ ဘဂဝတော သာဝကသံဃော၊ 

၅။ အာဟုနေယျော - ရပ်ဝေးက ဆောင်ယူလာတဲ့ ပစ္စည်းကို လှူထိုက်ခြင်း

၆။ ပါဟုနေယျော - ည့်သည်တို့အတွက် အထူးသီးသန့်ထားတဲ့ ပစ္စည်းကို လှူထိုက်ခြင်း

၇။ ဒက္ခိဏေယျော - မြတ်သောအလှူကို ခံထိုက်ခြင်း (တမလွန်ဘဝက ပုဂ္ဂိုလ်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုရာမှာ အကျိုးကျေးဇူးရနိုင်လို့ လှူထိုက်တဲ့ ပုဂ္ဂိုလ်)

၈။ အဉ္ဇလိကရဏီယော - လက်အုပ်ချီခြင်းကို ခံထိုက်ခြင်း

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ - ကုသိုလ်ပင် စိုက်ပျိုးဖို့အတွက် အကောင်းဆုံး (အတုမရှိသော) မြေဖြစ်ခြင်း

No comments:

Post a Comment

Popular Posts