စစ်ကိုင်းတိပိဋကဆရာတော် ဘဝနေဝင်ချိန်ကောင်းစေဖို့ တရားတော် ဗီဒီယိုကြည့်ရန်
နောက်ဘဝမှာ အကျိုးပေးမည့် ကံ ၄ မျိုး
၁။ ဂရုကကံ
မကောင်း - ပဉ္စနန္တရိယကံ
ကောင်း - မဟဂ္ဂတကံ ဈာန်အဘိဉာဏ်ရ - ဗြဟ္မာဘုံမှာ ဖြစ်
၂။ အာသန္နကံ
ကွယ်လွန်ခါနီးမှာ လုပ်မိတဲ့ ကံ/အောက်မေ့မိတဲ့ ကံ
ကောင်း - ဘုရားရှိခိုးရင်းနဲ့ ကွယ်လွန်
မကောင်း - သတ်ရင်းဖြတ်ရင်းနဲ့ ကွယ်လွန်
တစ်သက်လုံး ကောင်းတာ လုပ်ခဲ့ပေမဲ့ သေခါနီး မကောင်းတာ အောက်မေ့မိ - မကောင်းရာ ဒုဂ္ဂတိ ရောက်နိုင်
တစ်သက်လုံး မကောင်းတာ လုပ်ခဲ့ပေမဲ့ သေခါနီး ကောင်းတာ အောက်မေ့မိ - ကောင်းရာသုဂတိ ရောက်နိုင်
ဥပမာ - တံပဒါဌိက လူသတ်သမား
၃။ အာစိဏ္ဏကံ
နေ့စဉ် အမြဲမပြတ် လုပ်နေတဲ့ ကံ
ကုသိုလ် - နေ့စဉ် ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ဆွမ်းကပ်၊ သံဃာတွေကို ဆွမ်းကပ်၊ လှူဒါန်း
အကုသိုလ် - နေ့စဉ် သူများအသတ်ကို သတ်၊ သူများ ဥစ္စာခိုး
နာတာရှည်လူမမာ နှစ်လရှည်ကြာစွာ မေ့မြောနေရင် အာသန္နကံမရှိနိုင်။ အာစိဏ္ဏကံ အကျိုးပေးမယ်။
အာစိဏ္ဏကံက အားပိုကောင်းပေမဲ့ အာသန္နကံက ကွယ်လွန်တဲ့ တံခါးဝနဲ့ နီးနေတဲ့အတွက် အရင်အကျိုးပေးတယ်။
နွားခြံ - အားကောင်းမောင်းသန်နွား (အာစိဏ္ဏကံ)နဲ့ နွားအို (အာသန္နကံ)။
၄။ ကဋတ္တာကံ
ဘာသိဘာသာ လုပ်မိတဲ့ကံ/အတိတ်ဘဝက လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံ
ဖုဿဘုရားရှင်လက်ထက်က သံဃာအတွက် ဆွမ်းတွေကို ဦးဦးဖျားဖျား စားမိလို့ ၉၁ ကမ္ဘာ ပြိတ္တာဖြစ်။
==================================================================================================
ကွယ်လွန်ခြင်းအကြောင်း ၄ မျိုး
၁။ သက်တမ်းကုန်ခမ်းခြင်း (အာယုက္ခယ)
လူ့လောကက သတ်မှတ်ထားတဲ့ သက်တမ်း (ယခုလက်ရှိ ၇၅)
၂။ ကုသိုလ်ကံကုန်ခမ်းခြင်း (ကံမက္ခယ)
ရှေးဘဝက ကုသိုလ်ကံ နည်းနည်းလေးကြောင့် လူလာဖြစ်ပေမဲ့ ကုသိုလ်ကံကုန်လို့ လူ့သက်တမ်းစေ့ မနေနိုင်ဘဲ သေဆုံး
၃။ သက်တမ်း၊ ကုသိုလ်ကံ ကုန်ခမ်းခြင်း
သက်တမ်းရော ကုသိုလ်ကံပါ ကုန်ခမ်းလို့ သေဆုံး
၄။ ဥပစ္ဆေဒကကံ
သက်တမ်းရော ကုသိုလ်ကံပါ ကျန်သေးပေမဲ့ ကြားထဲက အကုသိုလ်ကံက နှောင့်ယှက်ဖျက်စီးလို့ ကွယ်လွန်
ဒုသိမာရ်နတ် ကကုဿန်မြတ်စွာဘုရားရဲ့ သာဝကို ခဲနဲ့ပြစ်လို့ ပရိနိဗ္ဗာန်စံ။ သူလည်း နတ်ဘဝက စုတေပြီး ငရဲကျ။
နန္ဒဘီလူးက ရှင်သာရိပုတ္တရာခေါင်းကို တင်းပုတ်နဲ့ ထု။ ငရဲရောက်။
လက်နက်ဘေးနဲ့ ကွယ်လွန်။
ဆီမီးခွက် - မီးစာလည်းကုန်၊ ဆီလည်းကုန်၊ လေပြင်းတိုက်လို့ ငြိမ်း၊ လူကငြိမ်း။
==================================================================================================
ကွယ်လွန်ခါနီးအာရုံ ၃ မျိုး
ကွယ်လွန်ခါနီး ဒီအာရုံ ၃ မျိုးထဲက တစ်ခုခု ထင်ပြီးမှ ကွယ်လွန်တယ်။
နောက်ဘဝမှာ ပဋိသန္ဓေပေးမယ့် အာရုံ
၁။ ကံအာရုံ
အရင်တုန်းက လုပ်ခဲ့တဲ့ ကုသိုလ် သို့မဟုတ် အကုသိုလ်တွေကို ၁) အာရုံထဲမှာမြင် ၂) ယခုတစ်ဖန် ပြန်လုပ်နေရသလို အာရုံထဲမှာမြင်
၂။ ကမ္မနိမိတ်အာရုံ
လုပ်ခဲ့တုန်းက အမှတ်အသား
ကုသိုလ် - လုပ်ခဲ့တုန်းက ပဓာနအာရုံ (ကျောင်းဆောက်လုပ်လှူဒါန်းခဲ့တာဆိုရင် ကျောင်းကြီးကို အာရုံထဲမြင်)၊ အခြံအရံအာရုံ (ကျောင်းဆောက်လုပ်ခဲ့တုန်းက ဆွမ်းလှူဒါန်းခဲ့တာ၊ အုတ်တွေသဲတွေ စုခဲ့တာ အာရုံထဲမြင်)
အကုသိုလ် - သူများအသတ် သတ်ထားရင် သတ်ခဲ့တဲ့ လူကို ပြန်မြင်၊ အခြံအရံအာရုံ (လက်နက်၊ သေနတ်စသဖြင့်)
၃။ ဂတိနိမိတ်အာရုံ
ရောက်မဲ့ဘဝကို ကြိုမြင်
တိုက်ရိုက်ရမယ့် ပဓာနအာရုံ၊ သုံးဆောင်ခံစားရမယ့် အခြံအရံအာရုံ
*သေခါနီးမှာ မကောင်းတဲ့ အာရုံတွေ မြင်ရရင် ကောင်းတဲ့ အာရုံပြောင်းပေးရမယ်။
No comments:
Post a Comment