ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓာတ် ၁၈ ပါးနှင့် ပဌာန်းတရား ဆက်စပ်မှု ၁ ဗီဒီယိုကြည့်ရန်
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓာတ် ၁၈ ပါးနှင့် ပဌာန်းတရား ဆက်စပ်မှု ၂ ဗီဒီယိုကြည့်ရန်
ဓာတ် ၁၈ ပါးနှင့် ပဌာန်းတရား ဆက်စပ်မှု ၁
ဓာတ် ၁၈ ပါး၊ ခန္ဓာငါးပါး၊ အာယာတန ၁၂ ပါးကို ဝိပဿနာတရား အားထုတ်တဲ့သူတွေ သိရမယ်။
နာမရူပပရိစ္ဆေဒဉာဏ် ဒိဋ္ဌိဝိသုဒ္ဓိ
ပစ္စယပရိဂ္ဂဟဉာဏ် ~ ဝိသုဒ္ဓိ ?
အထက်ပါ ဉာဏ် ၂ ပါး ဝိသုဒ္ဓိ ၂ ပါးကို ဖြစ်ပေါ်စေသည်။ ဖြစ်ပြီးလျှင်လည်း ရင့်သန်စေသည်။
(ဝိသုဒ္ဓိ = ဉာဏ်)
ဓာတ်ကမ္မဌာန်းရှုခြင်းနှင့် ဓာတ် ၁၈ ပါး မတူပါ။
ဓာတ်ကမ္မဌာန်းရှုခြင်း - ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဟူသည့် ရုပ်ဓာတ် ၄ ပါးကို ရှုခြင်း
ဓာတ် ၁၈ ပါး - ရုပ်ဓာတ်၊ နာမ်ဓာတ် ၂ မျိုးလုံးကို ရှုခြင်း
ခန္ဓာ ၅ ပါး၊ အာယာတန ၁၂ ပါး၊ ဓာတ် ၁၈ ပါး
၁) ခန္ဓာ ၅ ပါး
နာမ်တရားကို အဓိကထားဟော (ရုပ် ၁ မျိုး၊ နာမ် ၄ မျိုး)
နာမ်တရားနဲ့ ပတ်သက်ပြီး မသဲကွဲ၊ မရှင်းသေးသည့် သူများအတွက် ရည်ရွယ်ပြီး ဟော
နာမသမ္မုန္လပုဂ္ဂိုလ် ? (နာမ - နာမ်၊ သမ္မုန္လပုဂ္ဂိုလ် - မသဲကွဲ၊ မရှင်းသေးသည့် ပုဂ္ဂိုလ်)
နာမ် ၄ မျိုး
ဝေဒနာက္ခန္ဓာ - စိတ်ခံစားချက် (ပျော်၊ စိတ်ညစ်၊ …)
သညက္ခန္ဓာ -မှတ်သားမှု
သ င်္ခါရက္ခန္ဓာ - ကျန်တဲ့ စေတနာ၊ လောဘ၊ မောဟ (စေ့စော်၊ တိုက်တွန်း)
ဝိညာဏခန္ဓာ - စိတ်
စိတ်က တခြား၊ ဝေဒနာ၊ သညာ၊ သ င်္ခါရက တခြား။ မတူဘူး။
https://my.wikipedia.org/wiki/ခန္ဓာငါးပါး
၂) အာယတန ၁၂ ပါး
ရုပ်တရားကို အဓိကထားဟော
ရုပ်တရားနဲ့ ပတ်သက်ပြီး မသဲကွဲ၊ မရှင်းသေးသည့် သူများအတွက် ရည်ရွယ်ပြီး ဟော
ရူပသမ္မုန္လပုဂ္ဂိုလ်? (ရူပ - ရုပ်၊ သမ္မုန္လပုဂ္ဂိုလ် - မသဲကွဲ၊ မရှင်းသေးသည့် ပုဂ္ဂိုလ်)
https://my.wikipedia.org/wiki/အာယတန_၁၂-ပါး
၃) ဓာတ် ၁၈ ပါး
ရုပ် ၁၀ ပါး၊ နာမ် ၈ ပါးကို အကျယ်ချဲ့ ဟော
ဓာတ် ၁၈ ပါး သိရင် ခန္ဓာ ၅ ပါးလည်းသိ၊ အာယာတန ၁၂ ပါးလည်း သိမည်။ (အပြည့်စုံဆုံး)
က) (၁) စက္ခုဓာတု (ရုပ်) + (၂) ရူပဓာတု (ရုပ်) = (၃) စက္ခုဝိညာဏဓာတု (နာမ်)
ခ) (၄) သောတဓာတု (ရုပ်) + (၅) သဒ္ဒဓာတု (ရုပ်) = (၆) သောတဝိညာဏဓာတု (နာမ်)
ဂ) (၇) ဃာနဓာတု (ရုပ်) + (၈) ဂန္ဓဓာတု (ရုပ်) = (၉) ဃာနဝိညာဏဓာတု (နာမ်)
ဃ) (၁၀) ဇိဝှာဓာတု (ရုပ်) + (၁၁) ရသဓာတု (ရုပ်) = (၁၂) ဇိဝှာဝိညာဏဓာတု (နာမ်)
င) (၁၃) ကာယဓာတု (ရုပ်) + (၁၄) ဖောဌမ္ပဓာတု (ရုပ်) = (၁၅) ကာယဝိညာဏဓာတု (နာမ်)
စ) စိတ် (၁၆) မနောဓာတု ၃ မျိုး (၁၇) ဓမ္မဓာတု ၃ မျိုး (၁၈) မနောဝိညာဏဓာတု ၇၆ ခု
က) (၁) စက္ခုဓာတု (ရုပ်) + (၂) ရူပဓာတု (ရုပ်) = (၃) စက္ခုဝိညာဏဓာတု (နာမ်)
(၁) စက္ခုဓာတု (ရုပ်တရား) |
(၂) ရူပဓာတု (ရုပ်တရား) |
(၃) စက္ခုဝိညာဏဓာတု (နာမ်တရား) |
စက္ခုပသာဒရုပ် (ဝတ္ထု) |
ရူပါရုံ (အာရုံ) |
စက္ခုဝိညာဏ်စိတ် (ဝတ္ထုအာရမ္မဏ) |
မျက်စိမှာရှိတဲ့ အာရုံဖမ်းယူနိုင်တဲ့ နေရာ၊ မျက်စိအကြည် (အလွယ် မျက်စိလို့ပဲခေါ်) (အကြည် = အာရုံဖမ်းယူနိုင်တဲ့နေရာ) |
အဆင်းအာရုံ |
မြင်သိစိတ် |
ကံကြောင့်ဖြစ်၊ လူလုပ်လို့မရ |
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ၁။ သက်ရှိ (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) ၂။ တောတောင် (ဥတု) |
မျက်စိဆိုတဲ့ စက္ခုပသာဒရုပ်ကို မှီပြီးဖြစ်လို့ စက္ခုဝိညာဏဓာတု။ အဆင်းအာရုံထဲပေါ်တာ မဟုတ်။ |
အကြောင်းတရား |
အကြောင်းတရား |
အကျိုးတရား |
ဓာတုဟူ၍ ခေါ်ရခြင်း အကြောင်း
ဇီဝမဟုတ်၊ အသက်မဟုတ်၊ သတ္တဝါမဟုတ်၊ ဝိဉာဥ်ကောင်မဟုတ်၊ သဘာဝတရားသက်သက် (သုဒ္ဓသ င်္ခါရ။ သုဒ္ဓဓမ္မ) မျှသာဖြစ်သည်။ သုည ဟု ခေါ်သည်။
ရုပ်နဲ့နာမ် အကြောင်းစုံပြီး ပေါင်းစပ်လှုပ်ရှားနေလို့ သတ္တဝါဟု ထင်ရခြင်း ဖြစ်သည်။ သတ္တဝါဟူ၍ မရှိ။
သတ္တဝါဟု ထင်ရလောက်အောင် ဓာတ် ၁၈ ပါးက ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ တစ်ခုတည်း မဟုတ်။ တစ်ခုချင်းစီ ခွဲကြည့်လိုက်လျှင် ဘာမျှမရှိ။ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ရန် သတ္တဝါ ‘သတ္တသညာ’ ဆိုတာကို ပျောက်အောင် ကြည့်ရမည်။
ဥပမာ ၁. စက်ရုပ်ကဲ့သို့ Sensor တပ်ထားသဖြင့်သာ အကြောင်းစုံ၍ သတ္တဝါကဲ့သို့ လှုပ်ရှားခြင်းဖြစ်သည်။
ဥပမာ ၂. စည်မျက်နှာပြင်ကို လက်နှင့်ထိသည့်အခါ စည်သံထွက်လာခြင်း သဘော။ စည်သံသည် စည်မျက်နှာပြင်တွင်လည်း မရှိ၊ လက်ထဲတွင်လည်း မရှိ၊ အကြောင်းတိုက်ဆိုင်၍ ပေါ်ထွက်လာခြင်း ဖြစ်သည်။ စည်မျက်နှာပြင် (ရုပ်တရား) သည် မမြဲ၊ လက် (ရုပ်တရား) သည်လည်း မမြဲ။ ထိုသို့ မမြဲသောရုပ်တရား ၂ ခုကြောင့် ဖြစ်ပေါ်လာသော စည်သံ (နာမ်တရား) သည်လည်း အဘယ်မှာ မြဲနိုင်မည်နည်း။
- စက္ခုဓာတု (မျက်စိ)နဲ့ ရူပဓာတု(အဆင်းအာရုံ) အကြောင်းစုံလို့ စက္ခုဝိညာဏ်စိတ် ဖြစ်လာတာ။
- မျက်စိကလည်း သတ္တဝါမဟုတ်၊ အဆင်းအာရုံကလည်း သတ္တဝါမဟုတ်။ ရုပ်ဟူသည့် သဘာဝတရားသက်သက်မျှသာ ဖြစ်သည်။
- ရုပ် ၂ ခု အကြောင်းဆုံပြီး နာမ်တရား ဖြစ်ပေါ်လာခြင်းဖြစ်သည်။
- ထာဝရမြဲမနေပါ။ ခုပေါ်၊ ခုပျောက်ဖြစ်။ ဖြစ်ပျက်အစဉ်ကြီး ရှိ (မြစ်ရေလိုမျိုး)
- မျက်စိ (စည်မျက်နှာပြင်)၊ အဆင်းအာရုံ (လက်)။ မျက်စိကို အဆင်းအာရုံက လာတိုက်သဖြင့် စက္ခုဝိညာဏ်စိတ် (စည်သံ) ဖြစ်ပေါ်လာခြင်းဖြစ်သည်။
(၁) စက္ခုဓာတု၏ သတ္တိ
စက္ခုဓာတု (ရုပ်တရား) (အကြောင်းတရား) က စက္ခုဝိညာဏ်စိတ် (နာမ်တရား) (အကျိုးတရား) ကို ၆ ပစ္စည်းဖြင့် ကျေးဇူးပြုသည်။ (စက္ခုပသာဒရုပ်က မြင်သိစိတ်ကို ကျေးဇူးပြု)
၁။ ရုပ်နှင့်နာမ်က ပေါင်းစည်း၍မရ (ဝိပ္ပယုတ္တပစ္စယော)
ဆီနဲ့ရေလို ရောလို့မရတဲ့သဘော (နွားနို့နဲ့ ရေလို မဟုတ်)
၂။ စက္ခုပသာဒရုပ်က မြင်သိစိတ်မပေါ်ခင် အရင်ဖြစ် (ပုရေဇာတပစ္စယော) (Born earlier)
၃။ ရှိနေတုန်း ကျေးဇူးပြု (အတ္ထိပစ္စယော)
၄။ မကင်းကွာခင် ကျေးဇူးပြု (အဝိတပစ္စယော)
၅။ စက္ခုပသာဒရုပ်ကို မှီပြီး စက္ခုဝိညာဏ်စိတ်ဖြစ်လို့ (နိဿယပစ္စယော)
၆။ စက္ခုပသာဒရုပ်က ထိန်းချုပ်ထား/အစိုးရလို့ (ဣန္ဒြိယပစ္စယော)
မျက်စိမှုန်ရင် တော်တော်နဲ့ မမြင်။
(၂) ရူပဓာတု၏ သတ္တိ
ရူပဓာတု (ရုပ်တရား) (အကြောင်းတရား) က စက္ခုဝိညာဏ်စိတ် (နာမ်တရား) (အကျိုးတရား) ကို ၄ ပစ္စည်းဖြင့် ကျေးဇူးပြုသည်။
၁။ ရူပဓာတုက မြင်သိစိတ်မပေါ်ခင် အရင်ဖြစ် (ပုရေဇာတပစ္စယော) (Born earlier)
၂။ ရှိနေတုန်း ကျေးဇူးပြု (အတ္ထိပစ္စယော)
၃။ မကင်းကွာခင် ကျေးဇူးပြု (အဝိတပစ္စယော)
၄။ ရူပဓာတု (အဆင်းအာရုံ) သည် မြင်သိစိတ်၏ အာရုံဖြစ်သည် (အာရမ္မဏပစ္စယော)
(၃) စက္ခုဝိညာဏဓာတု/မြင်သိစိတ်
၁။ အကြောင်းရှိမှဖြစ်သည်။ ထာဝရမမြဲ။
၂။ ဝတ္ထုအာရမ္မဏ ဟု ခေါ် - စက္ခုပသာဒဝတ္ထု (မျက်စိ) ကို မှီပြီးဖြစ်၊ အဆင်းအာရုံကို အာရုံပြု (အာရမ္မဏ)
*နိဿယဝတ္ထုပုရေဇာတ (မျက်လုံးကန်းရင် စက္ခုဝိညာဏ်စိတ်မဖြစ်၊ မျက်လုံးကိုမှီ၊ မျက်လုံးက အရင်ဖြစ်)
၃။ သ င်္ခတ = သ င်္ခါရ - အကြောင်းတရားတွေကြောင့် ဖြစ်ပြီး အကြောင်းတရားတွေကြောင့် ရပ်တည်
(သဗ္ဗေ သ င်္ခါရာ အနိစ္စာ - ဘယ်အရာမှ တည်မြဲတာမရှိ)
- မျက်စိ (စက္ခုဓာတု)၊ အဆင်းအာရုံ (ရူပဓာတု)၊ မြင်သိစိတ် (စက္ခုဝိညာဏဓာတု) သုံးခုလုံးသည် သတ္တဝါမဟုတ်။ သဘာဝတရားသက်သက်မျှသာ ဖြစ်သည်။ မြင်အောင်ကြည့်ရမည်။
- မျက်စိမှာလည်း ပြောင်းလဲမှုရှိ။ သိပ္ပံပညာအရ ဆဲလ်တွေ ပျက်စီးနေ။
ခ) (၄) သောတဓာတု (ရုပ်) + (၅) သဒ္ဒဓာတု (ရုပ်) = (၆) သောတဝိညာဏဓာတု (နာမ်)
(၄) သောတဓာတု (ရုပ်တရား) |
(၅) သဒ္ဒဓာတု (ရုပ်တရား) |
(၆) သောတဝိညာဏဓာတု (နာမ်တရား) |
သောတပသာဒရုပ် (ဝတ္ထု) |
သဒ္ဒါရုံ (အာရုံ) |
သောတဝိညာဏ်စိတ် |
နားမှာရှိတဲ့ အာရုံဖမ်းယူတဲ့ နေရာ၊ နားအကြည် (အလွယ် နားလို့ပဲခေါ်) |
အသံအာရုံ |
ကြားသိစိတ် |
ကံကြောင့်ဖြစ်၊ လူလုပ်လို့မရ |
စိတ်၊ ဥတု ၁။ လူသံ၊ သတ္တဝါအော်သံ (စိတ်) ၂။ လေတိုက်သံ၊ ဗိုက်ထဲကမြည်သံ (ဥတု) (ကိုယ်လုပ်တာ မဟုတ်ရင်) ၃။ တီးလုံးသံ (စိတ်၊ ဥတု) (လူရဲ့စိတ်က တီဲးလို့ ထွက်လာတဲ့ အသံ - စိတ်၊ တူရိယာက ထွက်တဲ့အသံ - ဥတု) |
သောတပသာဒရုပ်ကို မှီပြီးဖြစ်လို့ သောတဝိညာဏဓာတု။ |
အကြောင်းတရား |
အကြောင်းတရား |
အကျိုးတရား |
ဂ) (၇) ဃာနဓာတု (ရုပ်) + (၈) ဂန္ဓဓာတု (ရုပ်) = (၉) ဃာနဝိညာဏဓာတု (နာမ်)
(၇) ဃာနဓာတု (ရုပ်တရား) |
(၈) ဂန္ဓဓာတု (ရုပ်တရား) |
(၉) ဃာနဝိညာဏဓာတု (နာမ်တရား) |
ဃာနပသာဒရုပ် (ဝတ္ထု) |
ဂန္ဓာရုံ (အာရုံ) |
ဃာနဝိညာဏ်စိတ် |
နှာခေါင်းမှာရှိတဲ့ အာရုံဖမ်းယူနိုင်တဲ့ နေရာ၊ နှာခေါင်းအကြည် (အလွယ် နှာခေါင်းလို့ပဲခေါ်) |
အနံ့အာရုံ |
အနံ့သိစိတ် |
ကံကြောင့်ဖြစ်၊ လူလုပ်လို့မရ |
ကံ၊ စိတ်၊ ဥတု၊ အာဟာရ |
နှာခေါင်းဆိုတဲ့ ဃာနပသာဒရုပ်ကို မှီပြီးဖြစ်လို့ ဃာနဝိညာဏဓာတု။ |
အကြောင်းတရား |
အကြောင်းတရား |
အကျိုးတရား |
ဃ) (၁၀) ဇိဝှာဓာတု (ရုပ်) + (၁၁) ရသဓာတု (ရုပ်) = (၁၂) ဇိဝှာဝိညာဏဓာတု (နာမ်)
(၁၀) ဇိဝှါဓာတု (ရုပ်တရား) |
(၁၁) ရသဓာတု (ရုပ်တရား) |
(၁၂) ဇိဝှါဝိညာဏဓာတု (နာမ်တရား) |
ဇိဝှါပသာဒရုပ် (ဝတ္ထု) |
ရသာရုံ (အာရုံ) |
ဇိဝှါဝိညာဏ်စိတ် |
လျှာမှာရှိတဲ့ အာရုံဖမ်းယူနိုင်တဲ့ နေရာ၊လျှာအကြည် (အလွယ် လျှာလို့ပဲခေါ်) |
အရသာအာရုံ ၆ ပါး (ချို၊ ခါး၊ ဖန်၊ စိမ့်၊ စပ်၊ ခါး) |
လျက်သိစိတ်၊ အရသာသိစိတ် |
ကံကြောင့်ဖြစ်၊ လူလုပ်လို့မရ |
ကံ၊ စိတ်၊ ဥတု၊ အာဟာရ |
လျှာဆိုတဲ့ ဇိဝှါပသာဒရုပ်ကို မှီပြီးဖြစ်လို့ ဇိဝှါဝိညာဏဓာတု။ |
အကြောင်းတရား |
အကြောင်းတရား |
အကျိုးတရား |
င) (၁၃) ကာယဓာတု (ရုပ်) + (၁၄) ဖောဌမ္ပဓာတု (ရုပ်) = (၁၅) ကာယဝိညာဏဓာတု (နာမ်)
(၁၃) ကာယဓာတု (ရုပ်တရား) |
(၁၄) ဖောဋ္ဌဗ္ဗဓာတု (ရုပ်တရား) |
(၁၅) ကာယဝိညာဏဓာတု (နာမ်တရား) |
ကာယပသာဒရုပ် (ဝတ္ထု) |
ဖောဋ္ဌဗ္ဗာရုံ (အာရုံ) (ပထဝီ၊ တေဇော၊ ဝါယော) (ခန္ဓာကိုယ်နဲ့စမ်းရင် အမာ၊ အပျော့ကို သိ - ပထဝီ အပူ၊ အအေးကို သိ - တေဇော လှုပ်ရှားမှု၊ ရွေ့လျားမှု၊ တွန်းကန်မှုကိုသိ - ဝါယော) (၃ မျိုးလုံးကို တစ်ပြိုင်နက်မသိ၊တစ်ခါစမ်းရင် တစ်မျိုးပဲသိတယ်) (*စုစည်းမှု၊ ယိုစီးမှုကို စမ်းလို့မရ၊ စိတ်နဲ့ပဲ သိနိုင်သဖြင့် အာပေါမပါ) |
ကာယဝိညာဏ်စိတ် |
ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အာရုံဖမ်းယူနိုင်တဲ့ နေရာ၊ ကာယအကြည် (တစ်ကိုယ်လုံးထိလို့ သိတဲ့နေရာမှန်သမျှ၊ Sensation မရှိတဲ့ နေရာက လွဲရင်) |
အထိအတွေ့အာရုံ |
ထိသိစိတ် |
ကံကြောင့်ဖြစ်၊ လူလုပ်လို့မရ |
ကံ၊ စိတ်၊ ဥတု၊ အာဟာရ |
ကိုယ်ကာယဆိုတဲ့ ကာယပသာဒရုပ်ကို မှီပြီးဖြစ်လို့ ကာယဝိညာဏဓာတု။ |
အကြောင်းတရား |
အကြောင်းတရား |
အကျိုးတရား |
ဥပမာ ကော်ဖီသောက်ရင်
၁) အရင်ဆုံး နှာခေါင်း + အနံ့အာရုံ = အနံ့သိစိတ်ဖြစ် (၃ ခုဖြစ်)
၂) အပူ၊ အအေး (တေဇော) ကို သိတာက ကာယ + ဖောဋ္ဌဗ္ဗ = ထိသိစိတ်ဖြစ် (၃ ခုဖြစ်)
၃) လျှာပေါ်တင် လျှာ + (ချို/ခါး/စိမ့်) အရသာ = အရသာသိစိတ်ဖြစ် (၃ ခုဖြစ်)
- အဆင့်လိုက်ဖြစ်တာ တစ်ပြိုင်တည်း ဖြစ်တာ မဟုတ်ဘူး။
- သိအောင် ကြိုးစားရင် ခနိကသမာဓိ? ရမယ်။
- သတိရှိမှ ပညာဖြစ်မယ်။ ငါလုပ်တာ မဟုတ်ဘူး။
- သိမှ ကောင်းတာနဲ့ တွေ့ရင် တွယ်တာမှု ပျောက်မယ်။ ဆိုးတာနဲ့ တွေ့ရင် မုန်းတီးမှု ပျောက်မယ်။ သောက ပျောက်မယ်။
- ငါ့ကျမှ ဖြစ်ခြင်းဆိုတဲ့ ငါက ရှာလို့ မရ။ ရုပ်နဲ့ နာမ်ပဲ ရှိတယ်။
- ဝိပဿနာ အားထုတ်ရင် သမာဓိတော့ ရမယ်။ ငါအားထုတ်တယ်ဆိုရင် ဝိပဿနာမဖြစ်ဘူး။
- အဆင်းအာရုံက မျက်လုံးထဲ ဝင်လာတာ မဟုတ်ဘူး။ (ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ)
အသံက?။ (သုတေ သုတ မတ္တံ)
အနံ့က နှာခေါင်းထဲ ရောက်မှသိ။ အရသာက လျှာပေါ် ရောက်မှသိ။ အထိအတွေ့က ကိုယ်ကို ထိမှသိ။ (မုတေ မုတ မတ္တံ)
ဓာတ် ၁၈ ပါးနှင့် ပဌာန်းတရား ဆက်စပ်မှု ၂
စက္ခုဓာတု + အဆင်း = မြင်သိစိတ်ဖြစ်
၃ ခုဆုံရင် ဖဿပါလာ (ဖဿ = မြင်သိစိတ်နဲ့ တွဲလာတဲ့ စေတသိက်)
ဖဿ ပစ္စယာ ဝေဒနာ (ခံစားချက်)
ဝေဒနာ ပစ္စယာ တဏှာ
တဏှာ ပစ္စယာ ဥပါဒါန်
ဥပါဒါန် ပစ္စယာ ကမ္မဘဝေါ
ဘဝ ပစ္စယာ ဇာတိ
ဇာတိ ပစ္စယာ ဇရာမရဏံ။
အကြောင်းရှာတဲ့အခါ မဆီမဆိုင်တဲ့ အကြောင်းတရားတွေကြောင့် ဘာသာတရားကြီး ၃ ခု ပေါ်ပေါက်လာ။
၁။ ဖန်ဆင်းရှင်ဝါဒ Creator (Brahmanism - ဣဿရနိမ္မာနဝါဒ) (၁၀၀% မှား)
India က ဗြဟ္မဏ (Brahman)
ဣဿရ - တန်ခိုးရှင်၊ နိမ္မာန - ဖန်ဆင်း
၂။ ပုဗ္ဗေကတဟေတုဝါဒ (နိဂန္နဝါဒ?၊ ဂျိန်းဝါဒ?) (နည်းနည်းမှန်)
အတိတ်ဘဝက လုပ်ခဲ့တဲ့ ကံကြောင့် ဖြစ်တာ။ အတိတ်ကိုပဲ လက်ခံ။ ပစ္စုပ္ပန်ကို လက်မခံ။
ဗုဒ္ဓဘာသာ အစွန်းရောက်သွားရင် ဒီလိုဖြစ်တတ်။
ဝိပါကဝေဒနာ - အကျိုးဝေဒနာ (အတိတ်က လုပ်ခဲ့လို့)
ကုသိုလ်နဲ့ယှဉ်တဲ့ ဝေဒနာ၊ အကုသိုလ်နဲ့ ယှဉ်တဲ့ ဝေဒနာ၊ အကြောင်းကြောင့်ဖြစ်တဲ့ ဝေဒနာ မပါ။
၃။ အဟေတုကဝါဒ (အစေလက?) (၁၀၀% မှား)
အကြောင်းမဲ့ဝါဒ။ Accidental။ ဘာအကြောင်းမှ မရှိ။ ဖြစ်ချင်လို့ ဖြစ်။
စ) စိတ် (၁၆) မနောဓာတု ၃ မျိုး (၁၇) ဓမ္မဓာတု ၃ မျိုး (၁၈) မနောဝိညာဏဓာတု ၇၆ ခု
မြင်တာကို ပြန်တွေး၊ စိတ်နဲ့ ပြန်စဥ်းစား
(၁၆) မနောဓာတု ၃ မျိုး
အာရုံနဲ့ ဝတ္ထု ဆုံလို့ဖြစ်။ အာရုံကို သိတဲ့စိတ်။ အသိစိတ်သက်သက်။ အစွမ်းသတ္တိ မရှိ။
ကံ၏အကျိုးလည်း မဟုတ်။ ?
၁) ပဉ္စဒွါရာဝဇ္ဇန်းစိတ် (အာရုံတံခါး ဖွင့်ပေးတဲ့စိတ်)
ကြိယာစိတ် - ပြုလုပ်ရုံသက်သက်။
အကြောင်းစိတ်၊ အကျိုးစိတ်၊ ကုသိုလ်စိတ်၊ အကုသိုလ်စိတ် မဟုတ်။
၂) ကုသလဝိပါက် သမ္ပဋိစ္ဆနစိတ် (အာရုံကို လက်ခံတဲ့စိတ်)
ကုသိုလ်၏အကျိုး လိုချင်စရာ အာရုံဆိုရင်?
၃) အကုသလဝိပါက် သမ္ပဋိစ္ဆနစိတ်
အကုသိုလ်၏အကျိုး မလိုချင်စရာ အာရုံဆိုရင်?
(၁၇) ဓမ္မဓာတု ၃ မျိုး
၁) စေတသိက်ခန္ဓာ ၃ ခု = စေတသိက် ၅၂ ခု = မကောင်း ၁၄ ခု၊ ကောင်း ၂၅ ခု၊ ကောင်း/မကောင်းရော ၁၃ ခု
၂) သုခုမရုပ် ၁၆ ခု (မသိသာတဲ့ ရုပ်၊ မြင်လို့မရ၊ ထိတွေ့စမ်းသပ်လို့မရ) ဥပမာ ဣတ္ထိဘာဝရုပ်
၃) နိဗ္ဗာန် (ဒီရုပ်နာမ်တွေနဲ့ မထိတွေ့နိုင်ပဲ ဆက်စပ်ပြီး ပြောလို့ပဲရ)
(၁၈) မနောဝိညာဏဓာတု ၇၆ ခု
ကိစ္စတွေကို ဆောင်ရွက်တဲ့စိတ်
စိတ် ၈၉ ခုမှာ (က~င) ဒွေပဉ္စဝိညာဏ (ကုသိုလ်၊ အကုသိုလ်) ၁၀ ခု၊ (စ) မနောဓာတု ၃ ခု ကို ဖယ်ပြီး ကျန်တဲ့ ၇၆ ခု
- ပဋိသန္ဓေစိတ် - ဘဝင်စိတ် - စုတိစိတ် (အတိတ်ကံကြောင့် ဖြစ်တဲ့စိတ်တွေ)
- ဘဝင်စိတ်က စဉ်ဆက်မပြတ်ဖြစ်။ အာရုံမဝင်လာခင် ကြိုတင်ဖြစ်နေတဲ့စိတ်။ သူ့အာရုံနဲ့ သူနေ။
- အာရုံဝင်လာရင် ဘဝင်စိတ် ပြတ်တောက်သွားပြီး ဝီထိစိတ်ဖြစ်။
- စိတ်က နှစ်ခုပူးမဖြစ်။ တစ်ခုချင်းစီပဲ ဖြစ်။
- အဘိဓမ္မာ စိတ်ဖြစ်ပုံနဲ့ စိတ်ဖြစ်စဉ်ကို ကြည့်ရန်*
မျက်စိနှင့် အဆင်းအာရုံ ဆုံမိချိန်၌
၁~၃) ဘဝင်စိတ် ၃ ခု
၄) ပဉ္စဒွါရာဝဇ္ဇန်းစိတ် (မနောဓာတု) (အာရုံကို တံခါးဖွင့်ခြင်း)
၅) စက္ခုဝိညာဏ်စိတ် (ကုသိုလ်/အကုသိုလ်)
၆) သမ္ပဋိစ္ဆနစိတ် (ကုသိုလ်/အကုသိုလ်) (မနောဓာတု) (အာရုံကို လက်ခံခြင်း)
၇) သန္တီရဏ (မနောဝိညာဏဓာတု) (အာရုံကို စုံစမ်းခြင်း)
၈) ဝေါဋ္ဌဗ္ဗန (ဝုဋ္ဌော) (မနောဒွါရာဝဇ္ဇန်းစိတ်) (အာရုံကို ဆုံးဖြတ်ခြင်း၊ ခွဲခြားသတ်မှတ်ခြင်း) (မနောဝိညာဏဓာတု?)
၉~၁၅) ဇဝန (ဇော) (အာရုံ၌ အရှိန်အဟုန်ဖြင့် ဖြစ်ခြင်း၊ အာရုံ၏ သဘာဝကို သိခြင်း)
၁၆~၁၇) တဒါရမ္မဏ (ဇဝနအာရုံကို ဆက်ခံခြင်း)
ပဉ္စဒွါရာဝဇ္ဇန်းစိတ် (အကြောင်း) နှင့် စက္ခုဝိညာဏ်စိတ် (အကျိုး)
ပဉ္စဒွါရာဝဇ္ဇန်းစိတ် (နာမ်တရား) (ရှေ့စိတ်) သည် စက္ခုဝိညာဏ်စိတ် (နာမ်တရား) (နောက်စိတ်) အား ၄ ပစ္စည်းဖြင့် ကျေးဇူးပြုသည်။
၁။ ရှေ့က ကပ်ဖြစ်၊ ကြားထဲမှာ ဘာမှမခြား (အနန္တရပစ္စယော)
၂။ ကြားထဲ၌ လုံးဝမရှိ (သမနန္တရပစ္စယော)
၃။ မရှိတော့မှ ကျေးဇူးပြု (နတ္ထိပစ္စယော)
၄။ ကင်းပျောက်သွားမှ ကျေးဇူးပြု (ဝိဂတပစ္စယော)
ရှေ့စိတ် > ဖြစ်-တည်-ပျက် ပြီးရင် နောက်စိတ်ဖြစ်။ နောက်စိတ်လည်း ဒီတိုင်းပဲ။ ပြိုင်မဖြစ်ဘူး။
နာမ်တရားတွေနဲ့ ပတ်သက်ရင် အနည်းဆုံး ၄ ပစ္စည်း။
ဇောပါလာရင် အာသေဝနပစ္စယော။ အနန္တရူပနိဿယ။
ပဋ္ဌာန်းမှာ
စက္ခုဝိညာဏဓာတု (ကု/အကု) တံသမ္ပယုတ္တကာစဓမ္မာ (စေတသိက် ၇ ခု) မနောဓာတုယာ (နောက်စိတ် - သမ္ပဋိစ္ဆနစိတ်) တံသမ္ပယုတ္တကာနဉ္စဓမ္မာနံ (စေတသိက်) အနန္တရပစ္စယေနပစ္စယော။
မနောဓာတု (သမ္ပဋိစ္ဆနစိတ်) တံသမ္ပယုတ္တကာစဓမ္မာ မနောဝိညာဏဓာတုယာ (သန္တီရဏစိတ်) တံသမ္ပယုတ္တကာနဉ္စဓမ္မာနံ အနန္တရပစ္စယေနပစ္စယော။
သမ္ပယုတ္တပစ္စယော (နာမ် + နာမ်, ခွဲလို့မရအောင် ပေါင်းစပ်သွား, ကျန်စေတသိက်တွေနဲ့ ရောထွေးဖြစ်) (ရေနဲ့ နို့လို)
ဝိပ္ပယုတ္တပစ္စယော (ရုပ် + နာမ်, ခွဲလို့ရ, စက္ခုဓာတုနဲ့ စက္ခုဝိညာဏစိတ် ရောထွေးမသွား) (ဆီနဲ့ ရေလို)
သဟဇာတပစ္စယော
ပုရေဇာတပစ္စယော
ပစ္ဆာဇာတပစ္စယော
ဣန္ဒြိယပစ္စယော
နိဿယပစ္စယော
မှီရာသည် ကြိုတင်ဖြစ်လို့ ဝတ္ထုပုရေဇာတ
*နိဿယဝတ္ထုပုရေဇာတ (မျက်လုံးကန်းရင် စက္ခုဝိညာဏ်စိတ်မဖြစ်၊ မျက်လုံးကိုမှီ၊ မျက်လုံးက အရင်ဖြစ်)
No comments:
Post a Comment