နှစ်ကျိပ်ရှစ်ဆူ (၂၈ ဆူ)
ဒီပင်္ကရာမြတ်စွာဘုရား အရင်ပွင့်သွားတဲ့ ဘုရား ၃ ဆူ (၁ မှ ၃ ထိ)
ဂေါတမမြတ်စွာဘုရား ဗျာဒိတ်ခံခဲ့တာ ၂၄ ဆူ (၄ မှ ၂၇ ထိ)
ဂေါတမမြတ်စွာဘုရား ၁ ဆူ
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဗျာဒိတ်တော်ကြား ဘုရား ၂၄ ဆူ ဗီဒီယိုကြည့်ရန် (34:15)
https://my.wikipedia.org/wiki/နှစ်ကျိပ်ရှစ်ဆူ
ဘုရားတစ်ဆူမှ မပွင့်သော ကမ္ဘာကို သုညကမ္ဘာဟု ခေါ်သည်။
ဘုရားတစ်ဆူ အနည်းဆုံး ပွင့်သော ကမ္ဘာကို အသုညကမ္ဘာဟု ခေါ်သည်။
ဘုရားတစ်ဆူ ပွင့်သောကမ္ဘာ - သာရကမ္ဘာ
ဘုရားနှစ်ဆူ ပွင့်သောကမ္ဘာ - မဏ္ဍကမ္ဘာ
ဘုရားသုံးဆူ ပွင့်သောကမ္ဘာ - ဝရကမ္ဘာ
ဘုရားလေးဆူ ပွင့်သောကမ္ဘာ - သာရမဏ္ဍကမ္ဘာ
ဘုရားငါးဆူ ပွင့်သောကမ္ဘာ - ဘဒ္ဒကမ္ဘာ
သာရမဏ္ဍကမ္ဘာ
၁။ တဏှင်္ကရာ
၂။ မေဓင်္ကရာ
၃။ သရဏင်္ကရာ
၄။ ဒီပင်္ကရာ (ဗျာဒိတ်စခံ)
၁ အသင်္ချေကြာ (ပထမ ၁ အသင်္ချေ)
*ဘုရားဆက်ပြတ်သွားတာ ကမ္ဘာပေါင်း မရေတွက်နိုင် = အသင်္ချေ
သာရကမ္ဘာ
၅။ ကောဏ္ဍည
၁ အသင်္ချေကြာ (ဒုတိယ ၁ အသင်္ချေ)
သာရမဏ္ဍကမ္ဘာ
၆။ မင်္ဂလ
၇။ သုမန
၈။ ရေဝတ
၉။ သောဘိတ
၁ အသင်္ချေကြာ (တတိယ ၁ အသင်္ချေ)
ဝရကမ္ဘာ
၁၀။ အနောမဒဿီ
၁၁။ ပဒုမ
၁၂။ နာရဒ
၁ အသင်္ချေကြာ (စတုတ္ထ ၁ အသင်္ချေ)
သာရကမ္ဘာ
၁၃။ ပဒုမုတ္တရ
*ကမ္ဘာ ၁ သိန်းကြာ (၂၈။ ဂေါတမဘုရားအထိ)
ကမ္ဘာပေါင်း ၃ သောင်းကြာ
မဏ္ဍကမ္ဘာ
၁၄။ သုမေဓာ
၁၅။ သုဇာတ
ကမ္ဘာပေါင်း ၁၈၀၀ ကြာ
ဝရကမ္ဘာ
၁၆။ ပိယဒဿီ
၁၇။ အတ္ထဒဿီ
၁၈။ ဓမ္မဒဿီ
ကမ္ဘာပေါင်း ၉၄ ခုကြာ
သာရကမ္ဘာ
၁၉။ သိဒ္ဓတ္ထ
ကမ္ဘာပေါင်း ၉၂ ခုကြာ
မဏ္ဍကမ္ဘာ
၂၀။ တိဿ
၂၁။ ဖုဿ
ကမ္ဘာပေါင်း ၉၁ ခုကြာ
သာရကမ္ဘာ
၂၂။ ဝိပဿီ
ကမ္ဘာပေါင်း ၃၁ ခုကြာ
မဏ္ဍကမ္ဘာ
၂၃။ သိခီ
၂၄။ ဝေဿဘူ
ဤဘဒ္ဒကမ္ဘာ
၂၅။ ကကုသန်
၂၆။ ကောဏဂုံ
၂၇။ ကဿပ
၂၈။ ဂေါတမ
(မပွင့်သေး - အရိမေတ္တေယျ)
====================================================================
ခန္ဓသုတ်လာ ကန်တော့သည့် ဘုရား ၇ ဆူ
၁။ ဝိပဿီမြတ်စွာဘုရား
၂။ သိခီမြတ်စွာဘုရား
၃။ ဝေဿဘူမြတ်စွာဘုရား
၄။ ကကုသန်မြတ်စွာဘုရား
၅။ ကောဏဂုံမြတ်စွာဘုရား
၆။ ကဿပမြတ်စွာဘုရား
၇။ ဂေါတမမြတ်စွာဘုရား
*ဘုရားခုနစ်ဆူကိုပဲ ရှိခိုးတာက ဒီဘုရားခုနစ်ဆူရဲ့ သာသနာဟာ ဒီစကြဝဠာကြီးထဲမှာ ရှိသေးတယ် (တပည့်သာဝကတွေက ဗြဟ္မာပြည်မှာ ရှိသေးတယ်။ ရှေ့က ဘုရားတွေက မရှိတော့ဘူး။)
====================================================================
ဘုရားကိုးဆူ
မြတ်စွာဘုရားနှင့် ရဟန္တာရှစ်ပါး
၁။ ဂေါတမမြတ်စွာဘုရား
၂။ ရှင်သာရိပုတ္တရာ
၃။ ရှင်မောဂ္ဂလာန်
၄။ ရှင်ကောဏ္ဍည
၅။ ရှင်အာနန္ဒာ
၆။ ရှင်ဂဝံပတိ
၇။ ရှင်ရာဟုလာ
၈။ ရှင်ရေဝတ
၉။ ရှင်ဥပါလိ
No comments:
Post a Comment