၃။ မေတ္တသုတ်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ မေတ္တသုတ် အနှစ်ချုပ် ၁ ဗီဒီယိုကြည့်ရန်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ မေတ္တသုတ် အနှစ်ချုပ် ၂ ဗီဒီယိုကြည့်ရန်
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။
ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစောစဿ မုဒု အနတိမာနီ။
၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ နဝသေသာ။
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ ဒိဌာ ဝါ ယေ ဝ အဒိဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။
၉။ မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဌံ စရံ နိသိန္ဒော ဝ၊ သယနော ယာဝတဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။
၁၂။ ဒိဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
=====================================================================
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။
ယဿာနုဘာဝတော - မေတ္တာရဲ့ အစွမ်းတန်ခိုးကြောင့်
ယက္ခာ - ဘုမ္မစိုးနတ်၊ မကောင်းဆိုးဝါး၊ နတ်ဘီလူးတို့သည်
ဘီသနံ - ကြောက်မက်ဖွယ် အာရုံ။
ဒဿေန္တိ - မပြဘူး။ မခြောက်လှန့်ဘူး။ ကြောက်စရာအာရုံတွေကို မပြဘူး။ မေတ္တာသက်ရောက်တယ်။
ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
ရတ္တိန္ဒိဝ - နေ့ရောညပါ
အတန္ဒိတ - ပျင်းရိခြင်းမရှိဘဲ
ယဉှိ စေဝါနုယုဉ္ဇန္တော - မေတ္တာဘာဝနာလုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မယ်ဆိုရင်
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
သုခံ - ချမ်းသာစွာ
သုပတိ - အိပ်စက်ရမယ်။
(စိတ်ထဲမှာ အပူတွေရှိလို့ အိပ်မပျော်)
သုတ္တောစ - အိပ်ပျော်နေရင်လည်း
ပါပံ ကိဉ္စိ န ပဿတိ - အိပ်မက်ဆိုး မမက်ဘူး
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
ဧဝမာဒိ ဂုဏူပေတံ - ယခုလို အကျိုးကျေးဇူးတွေနဲ့ ပြည့်စုံတဲ့
ပရိတ္တံ တံ ဘဏာမ ဟေ - မေတ္တာသုတ်ကို ရွတ်ဖတ်ကြပါစို့
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
ကရဏီယ - လုပ်ပါ
အတ္ထကုသလ - ကိုယ့်အကျိုးစီးပွား (သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံမှု) ကို လိမ္မာကျွမ်းကျင်သူ။ လောကီကိစ္စပဲ ဖြစ်ဖြစ်၊ လောကုတ္တရာကိစ္စပဲ ဖြစ်ဖြစ် မြင့်မြတ်လာအောင် လုပ်တဲ့လူ။
ယန္တ သန္တံ ပဒံ အဘိသမေစ္စ - စိတ်နှလုံးအေးချမ်းပြီး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြုပြီး နေချင်ရင် ဒါမှမဟုတ် ငြိမ်းငြိမ်းချမ်းချမ်း အန္တရာယ်ကင်းကင်းနဲ့ နေချင်ပြီဆိုရင် အလုပ်တစ်ခု (သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံအောင်) လုပ်ပါ။
အတ္ထကုသလ (ကိုယ့်အကျိုးစီးပွားကို ဆောင်ရွက်သူ) မှာ ရှိရမယ့် အရည်အချင်း ၁၅ မျိုး
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစောစဿ မုဒု အနတိမာနီ။
၁) သက္ကော - စွမ်းနိုင်သူ
(၁။ ယုံကြည်ချက်ရှိသူ
၂။ ကျန်းမာရေးကောင်းသူ (မျှတသော ဝမ်းမီးရှိသူ၊ ဝမ်းမီးထက်ရင် ခဏခဏဆာ၊ ဝမ်းမီးညံ့ရင် အစာမကြေ)
၃။ လုံ့လဝီရိယ၊ ကြိုးစားအားထုတ်မှုရှိသူ
၄။ စဥ်းစားဆင်ခြင်နိုင်စွမ်းရှိသူ)
၂) ဥဇူစ - ကိုယ်နှုတ်ရိုးသားဖြောင့်မတ်သူ၊ ကောက်ကျစ်သူ မဟုတ်သူ၊ ဝါကြွားခြင်း မရှိသူ
သာထေးယ? - မရှိဘဲ ရှိသလိုပြ
မာယာ - အပြစ်ကို ဖုံး
၃) သုဟုဇူစ - စိတ်ဓာတ်ဖြောင့်မတ်သူ
၄) သုဝစောစဿ (သုဝစ) - ပြောဆိုရလွယ်သူ၊ အကြံပေးရလွယ်သူ
၅) မုဒု - စိတ်နှလုံး နူးညံ့သိမ်မွေ့သူ၊ အပြောအဆိုယဥ်ကျေးသူ၊ ဒေါသခက်ထန်သူ မဟုတ်
၆) အနတိမာနီ - လွန်ကဲတဲ့ မာနမရှိသူ။ ထားသင့်တဲ့ မာန၊ မဖြစ်မနေ ကြိုးစားမယ်ဆိုတဲ့ မာနက ထားရမယ် (သူတောင် ဖြစ်သေးတာ ငါလည်း ဖြစ်ရမယ်)၊ အတိမာန မရှိရဘူး။ သူများကို စော်ကားတဲ့ မာန မရှိရဘူး။
ဥပမာ - သုမေဓာရသေ့ ဒီပင်ကရာဘုရားထံမှာ ဗျာဒိတ်ခံတုန်းက ဘုရားဖြစ်အောင်လုပ်ပြီး သတ္တဝါတွေကို ကယ်ဦးမယ်ဆိုတဲ့ မာန။
၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
၇) သန္တုသက - ၁။ ကိုယ့်ရှိတာနဲ့ ကျေနပ်တယ်၊ သူများဟာကို မလိုချင်ဘူး။
၂။ ဇီဇာမကြောင်ရဘူး။ ချေးမများရဘူး။ ကိုယ့်ဟာလေးနဲ့ ကျေနပ်ရမယ်။
(သံ - မိမိ၊ တုသ - ကျေနပ်)
၈) သုဘရ - အပြုအစုလွယ်သူ။ မွေးမြူလွယ်သူ။ ချေးမများသူ။ ကိုယ့်ဟာကိုယ်ရော သူများလုပ်ပေးတာရော စိတ်တိုင်းကျ = သန္တုသကဖြစ်ရင် သုဘရဖြစ်
၉) အပ္ပကိစ္စ - အပိုကိစ္စတွေ မများစေနဲ့။ မလုပ်မဖြစ်တာပဲ လုပ်။ များနေရင်တောင်မှ အချိန်ပေးပြီး မေတ္တာဘာဝနာပွားရမယ်
၁၀) သလ္လဟုကဝုတ္တိ - ပေါ့ပေါ့ပါးပါး အသက်မွေး၊ ကိန်းကြီးခန်းကြီး မနေ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၁၁) သန္တိန္ဒြိယ - ဒွါရ ၆ ပါးကို အစိုးရသူ (လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် စောင့်ထိန်းသူ)။
၁၂) နိပကော - ဆင်ခြင်တုံတရားရှိသူ၊ ဓမ္မအသိပညာ ရင့်ကျက်လာအောင် ကြိုးစားသူ။
ပညာကို ဘယ်လိုရှာမလဲ။
သုတမယပညာ - တရားနာ၍ ဆင်ခြင်စဥ်းစားခြင်း
စိန္တာမယပညာ - သူတစ်ပါးဆီက မကြားဖူးဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်စဥ်းစားခြင်း (ဘုရားလောင်း၊ ပစ္စေကဗုဒ္ဓါ)
ဘာဝနာမယပညာ - လက်တွေ့ကျင့်သုံးခြင်း
၁၃) အပ္ပဂဗ္ဘ - ကိုယ်နှုတ်ရိုင်းပြမှု ရှောင်ကြဥ်ရမယ်
၁၄) ကုလေသွ နနုဂိဒ္ဓေါ - မိတ်ဆွေတွေအပေါ်မှာ ခင်မင်လွန်းအားကြီးမှု၊ တွယ်တာလွန်းအားကြီးမှု မရှိရဘူး (ရဟန်းသံဃာတွေရော၊ လူတွေရော)။ ငါ့မိတ်ဆွေ၊ ငါ့တကာဆိုပြီး ဖြစ်မှာစိုးလို့။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
၁၅) ယေန ဝိညူ ပရေ ဥပဝဒေယျုံ - ပညာရှိသူတော်ကောင်းတွေက
န စ ခုဒ္ဒ မာစရေ ကိဉ္စိ - အပြစ်တင်ပြီး မေးငေါ့စရာ အသေးအဖွဲကအစ မလုပ်ရဘူး။
သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
သဗ္ဗသတ္တာ - ခြွင်းချက်မရှိ သတ္တဝါအားလုံး (ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ်၊ လူ၊ တိရိစ္ဆာန်၊ သက်ရှိမှန်သမျှ)
သုခိနော - ချမ်းသာပါစေ။
ခေမိနော - ဘေးကင်းပါစေ။
သုခိတတ္တ - စိတ်ချမ်းသာမှုနဲ့ ပြည့်စုံပါစေ။ (အတ္တ - စိတ်)
အမြဲပဲ နှုတ်ထဲဆိုနေရမယ်။
အသေးစိတ် မေတ္တာပို့
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ နဝသေသာ။
အနဝသေသ - အကြွင်းအကျန်မရှိ
ယေ ကေစိ - အားလုံးသော
ပါဏဘူတတ္ထိ - လောကကြီးမှာ ရှိတဲ့ သက်ရှိသတ္တဝါ
တသ - ကြောက်လန့်တတ်တဲ့ သတ္တဝါ (ကိလေသာ အာသဝေါ မကင်းသေးတဲ့ ပုထုဇဥ်၊ သေက္ခပုဂ္ဂိုလ်)
ထာဝရ - ကြောက်လန့်မှု ကင်းသွားတဲ့ ရဟန္တာ (ကိလေသာ အာသဝေါ ကင်းသွားတဲ့ ရဟန္တာပုဂ္ဂိုလ်)
ကြောက်တတ်၊ မကြောက်တတ် ၂ ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(*သက်ရှိကိုပဲ မေတ္တာပို့ရမယ်။ သက်မဲ့တွေကို ပို့လို့ မရဘူး။
ဂျိန်းဝါဒ - သက်မဲ့တွေပါပို့)
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
ဒီဃ - ရှည်လျားတဲ့ သတ္တဝါ
မဇ္ဈိမ - အလယ်အလတ် သတ္တဝါ
ရဿ - တိုတဲ့၊ ပုတဲ့ သတ္တဝါ
ရှည်၊ တို၊ အလတ် ၃ ရပ် ခန္ဓာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
မဟန္တ - ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တဝါ (ဆင်၊ ဝေလငါး)
မဇ္ဈိမ - အလယ်အလတ် သတ္တဝါ
အဏုက - သေးသေးလေး (ပုရွက်ဆိတ်)
ထူလ - ခန္ဓာကိုယ် (ဝ၊ ပိန်၊ မပိန်မဝ)
ကြီး၊ ငယ်၊ အလတ် ၃ ရပ် ခန္ဓာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၇။ ဒိဌာ ဝါ ယေ ဝ အဒိဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဒိဌာ ဝါ ယေ ဝ အဒိဌာ - မျက်စိနှင့် မြင်ရသော သတ္တဝါ၊ မျက်စိနှင့် မမြင်ရသော သတ္တဝါ။
မြင်အပ်၊ မမြင်အပ် ၂ ရပ်များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ - အဝေးမှာနေသော သတ္တဝါ၊ အနီးမှာနေသော သတ္တဝါ။
ဝေးနေ၊ နီးနေ ၂ ထွေများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၁။
သမ္ဘဝေသီ - Fetus အဆင့်၊ ခန္ဓာကိုယ် မပီပြင်သေး
ဘူတ - မိခင်ဝမ်းထဲက ထွက်သွားပြီး ခန္ဓာကိုယ်အချိုးအစား ပီပီပြင်ပြင် ဖြစ်ပြီးသား သတ္တဝါ
၂။ နောက်တစ်နည်း
သမ္ဘဝေသီ - ဘဝတစ်ခုမှာ သန္ဓေတည်တဲ့ အခြေအနေဖြစ်နေတဲ့သူ (ကြက်ဥထဲ အကောင်မပေါက်သေးခင်)
ဘူတ - သန္ဓေတည်ပြီး ဖြစ်လာတဲ့သူ (ဥခွံထဲက ထွက်ပြီး ကြက်အကောင်ပေါက်လေး ဖြစ်)
၃။ နောက်တစ်နည်း
သမ္ဘဝေသီ - နောက်ဖြစ်ဦးမှာ၊ ဘဝက အဆုံးမသတ်သေးသူတွေ ပုထုဇဥ်၊ သေက္ခပုဂ္ဂိုလ်
ဘူတ - ဖြစ်ပြီးသားသူ (ရဟန္တာ)
ဘဝဇာတ်ဆုံး၊ မဆုံး များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ပရော - တစ်ယောက်သောသူသည်
ပရံ - တစ်ခြားတစ်ယောက်ကို
နိကုဗ္ဗေထ - လိမ်လည်လှည့်စားမှု မရှိပါစေနှင့်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။
န ကဉ္စိ - ဘယ်သူ့ကိုမှ
ကတ္ထစိ - ဘာကိစ္စ (ပညာရေး၊ စီးပွားရေး၊ ..) နဲ့မှ
နာတိမညေထ - အထင်မသေးကြပါစေနှင့်
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။
ဗျာရောသနာ - စော်ကားခြင်း၊ ရန်စောင်စောင်းချိတ်ပြောခြင်း၊ အတေးအမှတ်ထားခြင်း
ပဋိဃသည - ဒေါသနဲ့ မုန်းတီးခြင်း၊ စိတ်နဲ့ သူများသိက္ခာကို ထိခိုက်အောင် ပုတ်ခတ်ခြင်း
နာညမညဿ ဒုက္ခ မိစ္ဆေယျ -
အညမညဿ - တစ်ဦးနှင့်တစ်ဦး ဒုက္ခ - ဒုက္ခဖြစ်အောင် နဣိစ္ဆေယျ - မလုပ်ကြပါစေနှင့်
လူတွေရဲ့ ဆင်းရဲမှုကို မလိုလားကြပါစေနှင့်။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။
၉။ မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ။
မာတာ ယထာ - မိခင်လိုမျိုး
နိယံပုတ္တ - မိမိရင်မှဖြစ်သော သားကို
မာယုသာ (အာယုသာ) - ကိုယ့်အသက်ပေးပြီး
ဧကပုတ္တ - တစ်ဦးတည်းသော သားသမီးကို
သားသမီးတစ်ယောက်တည်း ရှိ (သားသမီးတွေ များနေရင် ချစ်စရာတွေ များနေဦးမယ်) တဲ့ မိခင်ဟာ သူသာ သေရင် သေပါစေ။ သားသမီးကို အသက်ပေးပြီး ချစ်ခင်မြတ်နိုးသလို၊ စောင့်ရှောက်သလိုမျိုး။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
ထိုမိခင်ရဲ့ မေတ္တာလိုပဲ သတ္တဝါတွေအပေါ်မှာ အတိုင်းအတာမရှိ ထားနိုင်အောင် ကြိုးစားပါ။
မာနသံ ဘာဝယေ အပရိမာဏံ - အကန့်အသတ် အတိုင်းအတာမရှိတဲ့ စိတ်ဓာတ်မျိုး ဖြစ်အောင်လုပ်ပါ
ဘာဝယေ - ဖြစ်အောင်လုပ်ပါ
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ထိုမိခင်ရဲ့ မေတ္တာလိုပဲ တစ်လောကလုံးက သတ္တဝါတွေပေါ်မှာ အတိုင်းအတာမရှိ ထားနိုင်အောင် ကြိုးစားပါ။
လောကကြီးတစ်ခုလုံးရှိ သတ္တဝါဆိုတာ
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
အရပ်မျက်နှာ
ဥဒ္ဓ - အထက်အရပ်
ဓော - အောက်အရပ်
တိရိယာ - အလယ်အရပ်
အသမ္ဗာဓံ - မကျဥ်းမြောင်းဘူး၊ ကျယ်ပြန့်တယ် (သတ္တဝါတိုင်းအပေါ်မှာ တညီတည်း ထားရမည်)။
အဝေရ - ပူလောင်စေတဲ့ အတွင်းရန်ဒေါသ မရှိဘူး။ အပြင်ရန်ကတော့ ရှိရင်လည်း ရှိမယ်။ အပြင်ရန်က ဒီဘဝပဲ အန္တရာယ်ပေးနိုင်။ အတွင်းရန် အမုန်းတရားက ရန်သူအစစ်။ ကင်းအောင် လုပ်ရမယ်။
အသပတ္တ - ဆန့်ကျင်ဘက်လုပ်တဲ့ သူတွေ မရှိဘူး။
၁၁။ တိဌံ စရံ နိသိန္ဒော ဝ၊ သယနော ယာဝတဿ ဝီတမိဒ္ဓေါ။
ဣိရိယာပုတ် ၄ ပါးစလုံး
တိဌ - မတ်တပ်ရပ်နေတုန်း
စရံ - လမ်းလျှောက်နေတုန်း
နိသိန္ဒ - ထိုင်နေတုန်း
သယနော - လှဲလျောင်းနေတုန်း
ဧတံ သတိံ အဓိဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။
ဧတံ သတိံ အဓိဌေယျ - မေတ္တာသတိလေးကို ကိုယ့်စိတ်ထဲမှာ အခိုင်အမာ တည်ဆောက်ပါ
ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု - မေတ္တာဘာဝနာဖြင့် နေထိုင်ခြင်းဟာ အမြင့်မြတ်ဆုံးသော နေထိုင်ခြင်း
၁၂။ ဒိဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
မေတ္တာအခြေခံ ရသွားရင် ဝိပဿနာကျင့်စဥ်အထိသွား (သတ္တဝါကို ဖျောက်)
၁) မေတ္တာဈာန်ရအောင်ပွား/သမာဓိရအောင်ပွား/မေတ္တာဘာဝနာပွား/သမထကျင့်စဥ် - သတ္တဝါပေါ်မှာပွား
လိင်တူချင်း မေတ္တာပို့ရမယ်။ လိင်မတူရင် တဏှာဝင်လာနိုင်။
မိမိကိုယ်ကို၊ မိတ်ဆွေ၊ မချစ်မမုန်းသောသူ၊ ရန်သူ (၄ ဦးဟာ တစ်သားတည်း ဖြစ်သွားတဲ့အတွက် ခွဲခြားမှုမရှိတဲ့အထိ ပွား)
ဒိဌိဉ္စ အနုပဂ္ဂမ္မ - သတ္တဝါရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ အမြင်ကို မဖြစ်ပါစေနဲ့ (ဝိပဿနာဉာဏ်ဖြစ်)
၂) ဝိပဿနာ ကျင့်စဥ်သွားရင် ငါဆိုတာကို ဖျောက်ရမယ်။
ရုပ်နဲ့နာမ် ၂ ခုရတည်း ရှိတယ်ဆိုတာ သိအောင် လုပ်ရမယ်။ သတ္တဝါကို ပယ်ခွာပါ။
အတ္တဒိဌိကို ဖယ်ပါ။
သီလဝါ - ကိုယ်ကျင့်သီလ ပြည့်စုံအောင် အရင်လုပ်ရမယ်
သမာဓီဖြစ်ဖို့ သီလလို
သီလကို အကြောင်းပြုပြီး ကြည်နူး၊ ဝမ်းသာ၊ ပီတိ၊ ပဿတိ (ကိုယ်စိတ်ငြိမ်းအေး)၊ သုခ၊ သမာဓိ၊ ယထာဘူတ ဉာဏဒဿန (မှန်မှန်ကန်ကန်သိတဲ့ ဉာဏ်ဖြစ်)
ဒဿနေန သမ္ဗန္နော - မှန်ကန်သော အမြင်ဖြင့် နိဗ္ဗာန်ကို မြင် (သောတာပန်ဖြစ်)
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
ကာမေသု - ကာမအာရုံမှာ
ဂေဓ - မက်မောမှု
ကာမအာရုံမှာ မက်မောမှုကို ဖယ်ရှားပစ်ပါ (သကဒါဂါမ်၊ အနာဂါမ်ဖြစ်)
အနာဂါမ်ဖြစ်ရင် ကာမဂုဏ်တွေပေါ်မှာ တပ်မက်တဲ့ တဏှာကင်းသွား
န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ - ကိလေသာတွေ ဖယ်ပြီးဖြစ်လို့ ကံတရားတွေ အကျိုးမပေးနိုင်တော့လို့ နောက်ဆုံးမှာ မိခင်ဝမ်းမှာ (ဘဝတစ်ခုမှာ) ဘယ်တော့မှ ပြန်လည်မွေးဖွားမှာ မဟုတ်တော့ဘူး။
(ရဟန္တာဖြစ်)
၄။ ခန္ဓသုတ်
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ခန္ဓသုတ်အနှစ်ချုပ် ဗီဒီယိုကြည့်ရန်
၁။ သဗ္ဗာသီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာ ဂဒံဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမဟေ။
၃။ ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိမေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိစ။
၄။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
၅။ မာမံ အပါဒကော ဟိံသိ၊ မာမံ ဟိံသိ ဒွိပါဒကော။
မာမံ စတုပ္ပဒေါ ဟိံသိ၊ မာမံ ဟိံသိ ဗဟုပ္ပဒေါ။
၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာကဉ္စိ ပါပ မာဂမာ။
၇။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏ ဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။
၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
=============================================
အဟိ ရာဇကုလသုတ် (အဟိ = မြွေ၊ ရာဇ = ဘုရင်)
၁။ သဗ္ဗာသီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာ ဂဒံဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
သဗ္ဗာ
အာသီ - လျင်မြန်စွာ သို့မဟုတ် မြွေစွယ်။
ဝိသ - အဆိပ်
ဇာတီနံ
ဒိဗ္ဗမန္တာ - နတ်တွေ သုံးတဲ့ မန္တန်
ပဂဒ - ဆေး
ဝိယ
ယံ နာသေတိ ဝိသံ ဃောရံ
နတ်မန္တန်၊ နတ်ဆေးဝါးနဲ့ အလားသဏ္ဏာန် တူတယ်။ အဆိပ်တွေကို လျင်မြန်စွာ ဖယ်ရှားပစ်နိုင်တယ်။
သေသဉ္စာပိ ပရိဿယံ - မြွေဆိုးဘေးတင်မကဘူး၊ အခြားသော ဘေးရန်တွေကိုလည်း အကာအကွယ်ပေးတယ်။
၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမဟေ။
အာဏာက္ခေတ္တမှိ (အာဏာခေတ်) - စကြဝဠာ ကုဋေတစ်သိန်းအတွင်း ဘယ်နေရာမှာမဆို ပရိတ်ရဲ့ အစွမ်းတန်ခိုးဟာ သက်ရောက်တယ်။
သဗ္ဗဒါ သဗ္ဗပါဏိနံ - ဒီအာဏာခေတ်တွင်း မြွေဆိုးတွေ မကိုက်နိုင်ဘူး။ ကိုက်ရင်လည်း အဆိပ်မတက်ဘူး။။
သဗ္ဗသောပိ နိဝါရေတိ- ဘက်စုံကနေ ဘေးအန္တရာယ်တွေကို အကာအကွယ်ပေးတယ်။
ပရိတ္တံ တံ ဘဏာမဟေ- ဒီပရိတ်တရားတော်ကို ရွတ်ဖတ်ကြပါစို့။
၃။ ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိမေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိစ။
အရင်ဆုံး မေတ္တာပို့ရမယ်။ မြွေတွေအပေါ် မေတ္တာပို့။ ကိုယ်က မေတ္တာထားရင် သတ္တဝါတွေက ပြန်မေတ္တာထားတာ သဘာဝ။
ဝိရူပက္ခမြွေမျိုး၊ နဂါးမျိုး။ (မြွေ = နဂါး)
ဧရာပထမြွေမျိုး
ဆဗျာပုတ္တမြွေမျိုး
ကဏှဂေါတမမြွေမျိုး
ဒတ္ထဝိသ - ကိုက်လိုက်တာနဲ့ အဆိပ်တတ်တဲ့ မြွေမျိုး (မြန်မာပြည်မှာရှိ)
ဒိဌဝိသ - မြင်လိုက်တာနဲ့ အဆိပ်တတ်တဲ့ မြွေမျိုး (ကြောက်စရာ အကောင်းဆုံး)
ဖုဌဝိသ - မြွေကိုယ်နဲ့ ထိလိုက်တာနဲ့ အဆိပ်တတ်တဲ့ (ရှင်သာရိပုတ္တရာရဲ့ညီ ရှင်ဥပသိန္န - ပရိနိဗ္ဗာန်စံ)
၄။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
အပါဒကေဟိ - ခြေထောက်မပါတဲ့ သတ္တဝါ
ဒွိပါဒကေဟိ - ခြေနှစ်ချောင်း သတ္တဝါ (လူ၊ ငှက်၊…)
စတုပ္ပဒေဟိ - ခြေလေးချောင်း သတ္တဝါ
ဗဟုပ္ပဒေဟိ - ခြေများစွာ ပါတဲ့ သတ္တဝါ (လေးချောင်းထက်ပို)
၅။ မာမံ အပါဒကော ဟိံသိ၊ မာမံ ဟိံသိ ဒွိပါဒကော။
မာမံ စတုပ္ပဒေါ ဟိံသိ၊ မာမံ ဟိံသိ ဗဟုပ္ပဒေါ။
မာမံ အပါဒကော ဟိံသိ - ခြေထောက်မရှိတဲ့ သတ္တဝါကလည်း ငါ့ကို မညှင်းဆဲပါနှင့်။
မာမံ ဟိံသိ ဒွိပါဒကော - ခြေနှစ်ချောင်း သတ္တဝါကလည်း ငါ့ကို မညှင်းဆဲပါနှင့်။
မာမံ စတုပ္ပဒေါ ဟိံသိ - ခြေလေးချောင်း သတ္တဝါကလည်း ငါ့ကို မညှင်းဆဲပါနှင့်။
မာမံ ဟိံသိ ဗဟုပ္ပဒေါ - ခြေများစွာရှိတဲ့ သတ္တဝါကလည်း ငါ့ကို မညှင်းဆဲပါနှင့်။
၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာကဉ္စိ ပါပ မာဂမာ။
သဗ္ဗေ သတ္တာ - သတ္တဝါမှန်သမျှ
သဗ္ဗေ ပါဏာ - အသက်ရှူတဲ့ သတ္တဝါမှန်သမျှ
သဗ္ဗေ ဘူတာ စ ကေဝလာ - ကိုယ်ခန္ဓာ အထင်အရှားရှိတဲ့ သတ္တဝါမှန်သမျှ
သဗ္ဗေ ဘဒြာနိ ပဿန္တု - သတ္တဝါမှန်သမျှ ကောင်းတာတွေပဲ ဆုံတွေ့ကြပါစေ
မာကဉ္စိ ပါပ မာဂမာ - ဘယ်သတ္တဝါမှ ဆင်းရဲဒုက္ခ အဆိုးတွေနဲ့ မဆုံကြပါစေနဲ့
၇။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏ ဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။
အပ္ပမာဏော ဗုဒ္ဓေါ - မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်တွေဟာ အတိုင်းအတာအကန့်အသတ် မရှိလောက်အောင် ကြီးမြတ်လှပါတယ်။
အပ္ပမာဏော ဓမ္မော - တရားဓမ္မရဲ့ ဂုဏ်ကျေးဇူးတော်တွေဟာ အတိုင်းအတာအကန့်အသတ် မရှိလောက်အောင် ကြီးမြတ်လှပါတယ်။
အပ္ပမာဏော သံဃော - သံဃာရဲ့ ဂုဏ်ကျေးဇူးတော်တွေဟာ အတိုင်းအတာအကန့်အသတ် မရှိလောက်အောင် ကြီးမြတ်လှပါတယ်။
ပမာဏာ ဝန္တာနိ သရီသပါနိ - တွားသွားတတ်တဲ့ သတ္တဝါတွေဟာ အတိုင်းအတာအကန့်အသတ် ရှိတယ် (လောဘ၊ ဒေါသ၊ မောဟတွေက ကန့်သတ်ထားတာ)။
တွားသွားသွားတတ်တဲ့ သတ္တဝါတွေက
အဟိ - မြွေ
ဝိစ္ဆိက - ကင်းမြီးကောက်
သတပဒီ - ကင်းခြေများ
ဥဏ္ဏနာဘီ - ပင့်ကူ
သရဗူ - တက်တူကောင် (အိမ်မြောင်)
မူသိကာ - အဆိပ်အလွန်ပြင်းတဲ့ ကြွက် (သီရိလင်ကာ - ချက်ချင်းမသေဘဲ ၃ နှစ်ကျော်မှ သေ)
၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
ကတာ မေ ရက္ခာ - အဲဒီသတ္တဝါတွေ ဝင်ရောက်မနှောက်ယှက်အောင်
ကတံ မေ ပရိတ္တံ - ပရိတ်နဲ့ အကာအကွယ် လုပ်ထားပါတယ်
ပဋိက္ကမန္တု ဘူတာနိ - အန္တရာယ်ပေးမယ့် သတ္တဝါတွေဟာ ကိုယ့်အနားမရောက်လာအောင် ဆန္ဒပြု
သောဟံ နမော ဘဂဝတော - ဘုရားအဆူဆူကို ရှိခိုးပါတယ်
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ - ဘုရားခုနစ်ဆူကိုလည်း ရှိခိုးပါတယ်
၅။ မောရသုတ်
ပါမောက္ခချုပ်ဆရာတော်ကြီး၏ မောရသုတ်အနှစ်ချုပ် ဗီဒီယိုကြည့်ရန်
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
၄။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊၊
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရသိ ဧသနာ။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဒိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။
==========================================================
အမွှန်း = အကျိုးတရားကို ဖော်ပြခြင်း
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
ပူရေန္တံ - ဖြည့်ကျင့်နေစဥ် ကာလမှာ
ဗောဓိ - အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို
သမ္ဘာရေ - အထောက်အကူဖြစ်စေတဲ့ ပါရမီကုသိုလ်တရားတွေကို
မောရ ယောနိယံ - အကုသိုလ်အကျိုးပေးကြောင့် ဥဒေါင်း
နိဗ္ဗတ္တံ - ဖြစ်နေတဲ့
ယေန သံဝိဟိတာ ရက္ခံ - ကောင်းစွာ စီမံထားတဲ့ အစောင့်အရှောက်
မဟာသတ္တံ - မြင့်မြတ်တဲ့ ဘုရားအလောင်းကို
ဝနေစရာ - တောထဲ လှည့်လည်သွားလာနေတဲ့ မုဆိုး
၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
စိရဿံ ဝါယမန္တာပိ - နှစ်ပေါင်းများစွာ ဖမ်းဖို့ ကြိုးစားနေပေမဲ့
နေဝ သက္ခိံသု - မတတ်နိုင်ခဲ့ကြဘူး
ဂဏှိတုံ - ဘုရားအလောင်းကို
ဗြဟ္မမန္တန္တိ - အလွန်ကောင်းမြတ်သော မန္တန်လို့
အက္ခာတံ - ချီးမွမ်းပြောဆိုအပ်တဲ့
ပရိတ္တံ တံ ဘဏာမ ဟေ - ဤပရိတ်တရားကို ရွတ်ဖတ်ကြပါစို့
အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို အထောက်အကူဖြစ်စေတဲ့ ပါရမီကုသိုလ်တရားတွေကို ဖြည့်ကျင့်နေစဥ် ကာလမှာ အကုသိုလ်အကျိုးပေးကြောင့် တိရိစ္ဆာန်ဖြစ်ရတဲ့ ဥဒေါင်းကြီးသည် မောရပရိတ် အစောင့်အရှောက်ဖြင့် မိမိကိုယ်ကို ကောင်းစွာ စီမံထားသည်။ တောထဲ လှည့်လည်သွားလာနေတဲ့ မုဆိုးတွေသည် မြင့်မြတ်တဲ့ ဘုရားအလောင်းကို နှစ်ပေါင်းများစွာ ဖမ်းဖို့ ကြိုးစားနေပေမဲ့ မတတ်နိုင်ခဲ့ကြဘူး။ အလွန်ကောင်းမြတ်သော မန္တန်လို့ ချီးမွမ်းပြောဆိုအပ်တဲ့ ဤပရိတ်တရားကို ရွတ်ဖတ်ကြပါစို့။
*ဘုရင်ပေါင်း ၆ ဆက်တောင် သေသွားပေမဲ့ ဒေါင်းကို မမိ။ မုဆိုး ၇ ဆက်မြောက်မှာ မန္တန်မရွတ်မီ ဒေါင်းမနဲ့ မျှားပြီးဖမ်း။ စကြဝတေးမင်းဖြစ်ခဲ့ပြီး ငါးပါးသီလစောင့်ခဲ့လို့ ရွှေအဆင်းကို ရ။ အကုသိုလ်လုပ်ခဲ့လို့ ဒေါင်းတိရိစ္ဆာန်ဖြစ်။ ရွှေအဆင်းရှိပေမဲ့/သေတတ်တဲ့ အကောင်ရဲ့ အသားကို စားရင် မသေဘူးဆိုတာ ယုတ္တိမရှိဘူး။
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
ဥဒေတယံ - နေထွက်ချိန် (ဥဒေတိ၊ ယံ) (နေမင်းကို လေးစားသမှုနဲ့ ရှိခိုးအလေးပေး။ သုံးကျွန်းလင်းခိုက်၊ တစ်ကျွန်းမိုက် = ကျွန်းလေးကျွန်းရှိတဲ့ အထဲမှာ ကျွန်းသုံးကျွန်းလုံးကို တစ်ပြိုင်နက် အလင်းပေးနိုင်။ ဥဒေါင်းရှိခိုးတာ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး)
စက္ခုမာ - နေမင်းက သတ္တဝါတွေရဲ့ မျက်စိကို စိုးမိုးထား (လူတွေမှာ မျက်စိရှိပေမဲ့ နေမင်းက အလင်းရောင်ပေးမှ လူတွေက မြင်ရတာ)
ဧကရာဇာ - တစ်ပါးတည်းသော ဘုရင်
ဟရိဿ ဝဏ္ဏော - ရွှေနဲ့တူသော အဆင်း
ပထဝိပ္ပဘာသော - ကမ္ဘာမြေပြင်ကြီးတစ်ခုလုံးကို အလင်းရောင်တွေ ဖြန့်ကျက်နိုင်တယ်
တံ တံ - သင်နေမင်းကြီးကို
နမဿာမိ - လေးစားပါတယ်၊ ရှိခိုးပါတယ်
ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ - ဤသို့ …..
တယာဇ္ဇ ဂုတ္တာ - (အဇ္ဇ - ဒီနေ့၊ တယာ ဂုတ္တာ - သင်၏စောင့်ရှောက်မှုဖြင့်)
ဝိဟရေမု - နေပါရစေ
ဒိဝသံ - တစ်နေ့တာမျှ
နေထွက်ချိန်မှာတစ်ခါ တွန်ကြူး။ သတ္တဝါအားလုံးကို စက္ခုအလင်းပေးတဲ့ တစ်ပါးတည်းသော ဘုရင်ဖြစ်တဲ့၊ ရွှေရောင်အဆင်းရှိတဲ့၊ ကမ္ဘာမြေပြင်ကြီးကို အလင်းရောင်တွေ ဖြန့်ကျက်ပေးတဲ့ နေမင်းကြီးကို ရှိခိုးပါတယ်။ ဤသို့ ရွှေရောင်အဆင်းရှိတဲ့၊ ကမ္ဘာမြေပြင်ကြီးကို အလင်းရောင်တွေ ဖြန့်ကျက်ပေးတဲ့ နေမင်းကြီး၏ စောင့်ရှောက်မှုဖြင့် ဒီနေ့ တစ်နေ့တာမျှ နေပါရစေ။
၄။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊၊
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရသိ ဧသနာ။
ယေ
ဗြဟ္မဏာ - မကောင်းမှုအကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားထားတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် (ဘုရား၊ ရဟန္တာ)
ဝေဒဂူ - အသိဉာဏ်ဖြင့် အမှန်အကန် သိပြီးဖြစ်တဲ့
သဗ္ဗဓမ္မေ - တရားမှန်သမျှကို
တေ မေ နမော - ထိုပုဂ္ဂိုလ်တွေကို ရှိခိုးပါတယ်၊ ဦးညွတ်ပါတယ်
တေ စ မံ ပါလယန္တု - ထိုပုဂ္ဂိုလ်တွေက ကျွန်ုပ်ကို စောင့်ရှောက်ပါစေ
တရားမှန်သမျှကို အသိဉာဏ်ဖြင့် အမှန်အကန် သိပြီးဖြစ်တဲ့ မကောင်းမှုအကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားထားတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် (ဘုရား၊ ရဟန္တာ) တွေကို ရှိခိုးပါတယ်။ ထိုပုဂ္ဂိုလ်တွေက ကျွန်ုပ်ကို စောင့်ရှောက်ပါစေ။
နမတ္ထု ဗုဒ္ဓါနံ - ဘုရားရှင်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ
နမတ္ထု ဗောဓိယာ - အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ
နမော ဝိမုတ္တာနံ - ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်ပြီးဖြစ်တဲ့ ဘုရားရဟန္တာတွေကို ရှိခိုးဦးညွတ်ပါတယ်
နမော ဝိမုတ္တိယာ - ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်စေတတ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တရားကို ရှိခိုးဦးညွတ်ပါတယ်
ဣမံ သော ပရိတ္တံ ကတွာ - ဒီပရိတ်ကို ရွတ်ပြီး၊ အရံအတားလုပ်ပြီး
မောရော - ဥဒေါင်း
စရသိ ဧသနာ - ကျက်စားရာ အရပ်ကို ပျံသွားတယ်
ဘုရားရှင်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ။
အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ။
ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်ပြီးဖြစ်တဲ့ ဘုရားရဟန္တာတွေကို ရှိခိုးဦးညွတ်ပါတယ်။
ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်စေတတ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တရားကို ရှိခိုးဦးညွတ်ပါတယ်။
ဒီပရိတ်ကို ရွတ်ပြီး ဥဒေါင်းဟာ ကျက်စားရာ အရပ်ကို ပျံသွားတယ်။
*ဒါကြောင့် မုဆိုးကျော့ကွင်းမှာ အကြိမ်ကြိမ် မိသော်လည်း လွတ်သွားတယ်
*အင်းဝမင်းဆက် စစ်ကိုင်းစည်သူမင်း အခေါက် ၁၀၀၀ ရွတ်တယ်။ တရားသဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
အပေတယံ - နေဝင်ချိန် (အပေတိ၊ ယံ)
ရတ္တိံ - တစ်ညတာ
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဒိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။
ဝါသ မကပ္ပယိ - ညဉ့်အခါ၌ နေလေ၏
၆။ ဝဋ္ဋသုတ်
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဝဋ္ဋသုတ်အနှစ်ချုပ် ဗီဒီယိုကြည့်ရန်
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။
၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမဟေ။
၃။ အတ္ထိလောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မဝဿာယ၊ သစ္စကိရိယ မကာသဟံ။
၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယထာသိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
===========================================
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။
ပူရေန္တံ - ဖြည့်ကျင့်နေစဥ် ကာလမှာ
ဗောဓိ - အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို
သမ္ဘာရေ - အထောက်အကူဖြစ်စေတဲ့ ပါရမီကုသိုလ်တရားတွေကို (ပါရမီ ၁၀ ပါး၊ အပြား ၃၀)
နိဗ္ဗတ္တံ - ဖြစ်
ဝဋ္ဋဇာတိယံ - ငုံးငှက်ဘဝ
ယဿ တေဇေန - သစ္စာစွမ်းအားကြောင့်
ဒါဝဂ္ဂိ - တောမီးဟာ
မဟာသတ္တံ - မြင့်မြတ်တဲ့ ဘုရားအလောင်းကို
ဝိဝဇ္ဇယိ - ရှောင်သွားတယ်၊ မလောင်ဘူး
၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမဟေ။
ထေရဿ သာရိပုတ္တဿ - ရှင်သာရိပုတ္တရာမထေရ်ကို
လောကနာထေန - လောကရဲ့ ကိုးစားရာဖြစ်တဲ့ ဘုရားကိုယ်တိုင်က
ဘာသိတံ - ဟောကြားခဲ့ခြင်းဖြစ်သည်
ကပ္ပဌာယိံ - ဤဘဒ္ဒကမ္ဘာတစ်ခုလုံး
မဟာတေဇံ - အစွမ်းတန်ခိုး အရမ်းကြီးသည့်
ပရိတ္တံ တံ ဘဏာမဟေ - ဤပရိတ်တရားကို ရွတ်ဖတ်ကြပါစို့
၃။ အတ္ထိလောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
အတ္ထိ - ရှိ
လောကေ - လောကမှာ
သီလဂုဏော - ၁) သီလဂုဏ်
သစ္စံ - ၂) အမှန်တရား၊ သစ္စာ
သောစေယျ - ၃) စင်ကြယ်မှု၊ စင်ကြယ်တဲ့ ကိုယ်ကျင့်တရား
နုဒ္ဒယာ (အနုဒ္ဒယ) - ၄) ကြင်နာမှု၊ ကရုဏာ၊ မေတ္တာ
တေန သစ္စေန ကာဟာမိ - အမှန်တရား သစ္စာတွေကို
သစ္စကိရိယ မုတ္တမံ - အာရုံပြုပြီး သစ္စာဆို
၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မဝဿာယ၊ သစ္စကိရိယ မကာသဟံ။
အာဝဇ္ဇေတွာ - စိတ်ထဲက ဆင်ခြင်ပြီး
ဓမ္မဗလံ - ဓမ္မ၏ စွမ်းရည်ကို
သရိတွာ - အမှတ်ရပြီး
ပုဗ္ဗကေ ဇိနေ - ပွင့်တော်မူပြီးဖြစ်သော မြတ်စွာဘုရားရှင်တွေကို
သစ္စဗလ မဝဿာယ - သစ္စာစွမ်းအားကို အမှီပြုပြီး
သစ္စကိရိယ မကာသဟံ - ငါကိုယ်တိုင် သစ္စာပြုခဲ့တယ်
၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
သန္တိ ပက္ခာ - ငါ့မှာ အတောင်ရှိတယ်
အပတနာ - မပျံနိုင်သေးဘူး
သန္တိပါဒါ - ငါ့မှာ ခြေထောက်ရှိတယ်
အဝဉ္စနာ - လမ်းမလျှောက်နိုင်သေးဘူး
မာတာ ပိတာ စ နိက္ခန္တာ - အားကိုးရမယ့် အမေ၊ အဖေကလည်း ထွက်ပြေးကုန်ပြီ
ဇာတဝေဒ - မီးက
ပဋိက္ကမ - ငါ့ကို ရှောင်သွားပါ
၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယထာသိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
သဟ သစ္စေ ကတေ မယှံ - သစ္စာစကား ဆိုလိုက်တာနဲ့ တစ်ပြိုင်နက်
မဟာပဇ္ဇလိတော - တဝုန်းဝုန်းတက်နေတဲ့
သိခီ - မီးတောက်၊ မီးညွန့်၊ မီးလျံ
ဝဇ္ဇေသိ သောဠသ ကရီသာနိ ဥဒကံ ပတွာ ယထာသိခီ - ပယ်ပေါင်း ၁၆ (ဧကပေါင်းများစွာ နေရာအကျယ်ကြီး) ကို တောက်လောင်နေတဲ့ မီးညွန့်က ရေကမ်းစပ်ကို ရောက်သလိုပဲ ငြိမ်းသွားတယ်
သစ္စေန မေ - ငါ၏ သစ္စာစကားနှင့်
သမော - တူညီသော အရာသည်
နတ္ထိ - မရှိ
ဧသာ - ဤသည်မှာ
မေ - ငါ၏
သစ္စပါရမီ - သစ္စာပါရမီဖြစ်၏
၇။ ဓဇဂ္ဂသုတ်
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓဇဂ္ဂသုတ်အနှစ်ချုပ် ဗီဒီယိုကြည့်ရန်
ဓဇ - အလံ၊ အဂ္ဂ - ထိပ်ဖျား
ဓဇဂ္ဂ - အောင်လံထိပ်ဖျား
၁။ ယဿာ နုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။
ယဿ - ဤဓဇဂ္ဂသုတ်ကို
နုဿရဏေနာပိ (အနုဿရဏ) - အောက်မေ့အမှတ်ရရုံလေးဖြင့်
အန္တလိက္ခေပိ - ကောင်းကင်၌ တည်နေသော်လည်း
ပါဏိနော - သတ္တဝါတို့သည်
ပတိဋ္ဌံ - တည်ရာကို
အဓိဂစ္ဆန္တိ - ရ၏
ဘူမိယံ ဝိယ - မြေကြီးပေါ်မှာလို
သဗ္ဗထာ - အခါခပ်သိမ်း
ဤဓဇဂ္ဂသုတ်ကို အောက်မေ့အမှတ်ရရုံလေးဖြင့် ကောင်းကင်၌ တည်နေသော်လည်း အခါခပ်သိမ်း မြေကြီးပေါ်မှာလို ရပ်တည်ရာ ရနိုင်သည်။
(*လေယာဉ်စီးလည်း ရွတ်၊ ရေကြောင်းခရီးလည်း ရွတ်)
၂။ သဗ္ဗု ပဒ္ဒဝ ဇာလမှာ၊ ယက္ခစောရာဒိ သမ္ဘဝါ။
ဂဏာနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
သဗ္ဗု ပဒ္ဒဝ ဇာလမှာ - ခပ်သိမ်းသော အန္တရာယ်မှ (ဥပဒ္ဒဝေါ)
ယက္ခစောရာဒိ သမ္ဘဝါ - ဘီလူး၊ သူခိုးတို့ကြောင့်ဖြစ်သော
ဂဏာနာ - ရေတွက်ခြင်း
န စ (န စ အတ္ထိ) - မရှိ
မုတ္တာနံ - လွတ်မြောက်သွားသူ (ဝိမုတ္တာ - ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်ပြီးဖြစ်တဲ့ ဘုရားရဟန္တာ)
ပရိတ္တံ တံ - ထိုပရိတ်တော်ကို
ဘဏာမ - ရွတ်ဖတ်ကြပါစို့
ဟေ - သူတော်ကောင်းတို့
ဘီလူး၊ သူခိုးစသော ခပ်သိမ်းသော အန္တရာယ်မှလည်း လွတ်မြောက်နိုင်သည်။ လွတ်မြောက်သွားသူတို့ကိုလည်း ရေတွက်၍ မကုန်ပါ။
(*အချုပ်အနှောင်ခံရလည်း ရွတ်၊ ထောင်ကျလည်း လွတ်)
၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ။
ဝိဟရတိ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ။
ရှင်အာနန္ဒာက မြတ်စွာဘုရားထံက ကြားတဲ့အတိုင်း ပြော
ဧဝံ မေ သုတံ - ဤသို့ ငါ ကြားလိုက်ရ၏။
ဧကံ သမယံ - အခါတစ်ပါး၌
ဘဂဝါ - မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည်
သာဝတ္ထိယံ - သာဝတ္တိမြို့ရှိ
ဝိဟရတိ - သီတင်းသုံး နေထိုင်ခဲ့တယ်
ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ - အနာထပိဏ်သူဌေး၏ နှလုံးမွေ့လျော်ဖွယ်ရှိသော ဇေတဥယျာဥ်ထဲက ကျောင်းမှာ
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် သာဝတ္ထိမြို့ရှိ အနာထပိဏ်သူဌေး၏ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေထိုင်ခဲ့၏။
၄။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ “ဘိက္ခဝေါ”တိ၊
“ဘဒ္ဒန္တေ”တိ တေ ဘိက္ခူ - ဘဂဝတော ပစ္စဿောသုံ။
ဘဂဝါ ဧတ ဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊
ဒေဝါသုရသင်္ဂါမော၊ သမုပဗျူဠှော အဟောသိ။
တတြ ခေါ - ထိုသို့ နေစဉ်
ဘဂဝါ - မြတ်စွာဘုရားသည်
ဘိက္ခူ အာမန္တေသိ - ရဟန်းတို့ကို ခေါ်ယူသည်
“ဘိက္ခဝေါ”တိ - ရဟန်းတို့ ဟူ၍
“ဘဒ္ဒန္တေ"တိ တေ ဘိက္ခူ - ဘဂဝတော ပစ္စဿောသုံ - ရဟန်းတို့သည်လည်း မြတ်စွာဘုရား၏ စကားကို နာယူရန် အသင့်ဖြစ်ကြသည်။
ဘဂဝါ ဧတ ဒဝေါစ - မြတ်စွာဘုရားရှင်သည် ဤသို့သော စကားကို မိန့်တော်မူခဲ့သည်။
ဘူတပုဗ္ဗံ ဘိက္ခဝေ - ရဟန်းတို့ ရှေးက တကယ်ဖြစ်ခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုကို ငါဘုရား ပြောမယ်။
ဒေဝါသုရ - တာဝတိံသာနတ်တွေနဲ့ အသုရာနတ်တွေ
သင်္ဂါမော - စစ်
?သမုပဗျူဠှော- ကောင်းစွာတတ်သည်
အဟောသိ - ဖြစ်၏
အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော။
ဒေဝေ တာဝတိံ သေ အာမန္တေသိ၊
သစေ မာရိသာ ဒေဝါနံ၊ သင်္ဂါမဂတာနံ
ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊
မမေဝ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
အထ ခေါ - ထိုစဉ်
ဘိက္ခဝေ - ရဟန်းတို့
သက္ကော - သိကြားမင်းသည်
ဒေဝါန မိန္ဒော - (ဒေဝါနံ - နတ်တို့၏၊ ဣန္နော - အရှင်)
ဒေဝေ တာဝတိံ သေ - တာဝတိံသာနတ်ပြည်၌ နေသော နတ်တို့ကို
အာမန္တေသိ - ခေါ်ယူ၏
သစေ - အကယ်၍
မာရိသာ ဒေဝါနံ - ငါနှင့်တူကုန်သော အချင်းနတ်တို့
သင်္ဂါမဂတာနံ - စစ်မြေပြင်သို့ သွားသော်
ဥပ္ပဇ္ဇေယျ - ဖြစ်အံ့
ဘယံ ဝါ - ကြောက်လန့်ခြင်း
ဆမ္ဘိတတ္တံ ဝါ - တုန်လှုပ်ခြင်း
လောမဟံသော ဝါ - ကြက်သီးမွေးညင်းထခြင်း
မမေဝ - ငါ၏ (ငါစီးတဲ့ ရထားရဲ့)
တသ္မိံ သမယေ - ထိုသို့ဖြစ်သောအခါ
ဓဇဂ္ဂံ - အောင်လံထိပ်ဖျားကို
ဥလ္လောကေယျာထ - ကြည့်ပါ
မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
မမံ - ငါ၏
ဟိ - သင့်စွာ?
ဝေါ - သင်တို့အား
ဓဇဂ္ဂံ ဥလ္လောကယတံ - အောင်လံထိပ်ဖျားကို ကြည့်သော
ယံ - ထို
ဘဝိဿတိ - ဖြစ်သော်
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ
သော ပဟီယိဿတိ - ပျောက်အံ့
၅။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
နော - မပြု (မကြည့်မိ)
စေ - အကယ်၍
မေ - ငါ၏
ဓဇဂ္ဂံ ဥလ္လောကေယျာထ - အောင်လံထိပ်ဖျားကို မကြည့်မိကုန်အံ့
အထ - ထိုသို့ မပြုမိသော်
ပဇာပတိဿ ဒေဝရာဇဿ - ပဇာပတိနတ်မင်း၏ (သိကြားမင်းနောက် ဒုတိယနတ်မင်း)
ဓဇဂ္ဂံ ဥလ္လောကေယျာထ
ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
၆။ နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
အထ ၀ရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
ဝရုဏဿ ဒေဝရာဇဿ - ဝရုဏနတ်မင်း (သိကြာမင်းနောက် တတိယနတ်မင်း)
၇။ နော စေ ဝရုဏဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
အထ ဤသာနဿ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
ဤသာနဿ ဒေဝရာဇဿ - ဤသာနနတ်မင်း (သိကြာမင်းနောက် စတုတ္ထနတ်မင်း)
၈။ တံ ခေါ ပန ဘိက္ခဝေ - ရဟန်းတို့ ထိုသို့
သက္ကဿ ဝါ ဒေဝါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ပဇာပတိဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ဤသာနဿ ဝါ ဒေဝရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊
လောမဟံသော ဝါ၊
သော ပဟီယေထာပိ - ပျောက်ရင်လည်း ပျောက်မယ်
နောပိ ပဟီယေထ - မပျောက်ရင်လည်း မပျောက်ဘူး
၉။ တံ ကိဿ ဟေတု
သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော၊
အဝီတရာဂေါ အဝီတဒေါသော၊ အဝီတမောဟော၊
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
တံ - ထိုသို့ဖြစ်ခြင်းမှာ
ကိဿ ဟေတု - အဘယ်ကြောင့်နည်း
သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော
အဝီတရာဂေါ၊ အဝီတဒေါသော၊ အဝီတမောဟော - ရာဂ၊ ဒေါသ၊ မောဟ မကင်းလို့
ဘီရု - ကြောက်တတ်
ဆမ္ဘီ - တုန်လှုပ်တတ်
ဥတြာသီ - လန့်တတ်
ပလာယီတိ - ထွက်ပြေးတတ်။
၁၀။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊
အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ၊ သုညာဂါရဂတာနံ ဝါ၊
ဥပ္ပဇ္ဇေယျ ဘယံ ဝါ၊ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
မမေဝ တသ္မိံ သမယေ အနုဿရေယျာထ။
အဟဉ္စ - ငါသည်ကား
ခေါ -
ဘိက္ခဝေ ဧဝံ ဝဒါမိ - ဤသို့ ဟော၏။
သစေ တုမှာကံ ဘိက္ခဝေ - ရဟန်းတို့ အကယ်၍ သင်တို့သည်
အရညဂတာနံ ဝါ - တောနက်ထဲ ရောက်လျှင်
ရုက္ခမူလဂတာနံ ဝါ - သစ်ပင်အောက် ရောက်လျှင်
သုညာဂါရဂတာနံ ဝါ - ဘယ်သူမှမရှိတဲ့ ဆိတ်ငြိမ်တဲ့နေရာ ရောက်လျှင်
ဥပ္ပဇ္ဇေယျ ဘယံ ဝါ၊ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
မမေဝ - ငါဘုရား၏ ဂုဏ်တော်ကို (ဘုရားဂုဏ်တော် ၉ ပါး)
တသ္မိံ သမယေ - ထိုသို့ဖြစ်သောအခါ
အနုဿရေယျာထ - အောက်မေ့အမှတ်ရလိုက်ပါ
၁၁။ ဣတိပိ သော ဘဂဝါ - ဤသို့ မြတ်စွာဘုရားသည်
အရဟံ - ကိလေသာ အကုန်ကင်းစင်ခြင်း၊ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း
သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာ သိခြင်း
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဉာဏ် (ဝိဇ္ဇာ)၊ အကျင့် (စရဏ)တို့နှင့် ပြည့်စုံခြင်း
သုဂတော - မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း၊ မှန်ကန်သော နိဗ္ဗာန်ကို ကြွသွားတော်မူခြင်း
လောကဝိဒူ - လောကသုံးပါးကို ကုန်စင်အောင် သိခြင်း
အနုတ္တရော ပုရိသဒမ္မသာရထိ - ဆုံးမထိုက်သူကို ဆုံးမရာမှာ အသာဆုံးဖြစ်ခြင်း/အတုမရှိခြင်း
သတ္ထာဒေဝမနုဿာနံ - လူနတ်သတ္တဝါတို့ကို ဆုံးမရာမှာ ဆရာတစ်ဆူဖြစ်ခြင်း
ဗုဒ္ဓေါ - သစ္စာလေးပါးကို အများသိအောင် ဟောပြောနိုင်ခြင်း
ဘဂဝါ တိ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံခြင်း
၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
အနုဿရတံ - အောက်မေ့အမှတ်ရရုံမျှဖြင့်
၁၃။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ။
နော - မပြု (မအောက်မေ့မိ)
စေ - အကယ်၍
မံ - ငါဘုရား၏ ?ဏ်ရည်တွေကို
အနုဿရေယျာထ - အောက်မေ့အမှတ်ရခြင်း မရှိကုန်အံ့
အထ - ထိုသို့ (မအောက်မေ့မိသော်)
ဓမ္မံ အနုဿရေယျာထ - တရားဂုဏ်တော်ကို အောက်မေ့အမှတ်ရပါ။
၁၄။ သွာက္ခာတော ဘဂဝတာ ဓမ္မော - အကြောင်းအကျိုး မှန်ကန်စွာ ဟောထားခြင်း
သန္ဒိဋ္ဌိကော - ကိုယ်တိုင်လည်း သိနိုင်ခြင်း
အကာလိကော - အချိန်စောင့်ဆိုင်းစရာမလို အခုပဲသိ၊ အခုပဲ အကျိုးခံစားရနိုင်ခြင်း
ဧဟိပဿိကော - သူတစ်ပါးကိုလည်း လာကြည့်လှည့်ပါလို့ ဖိတ်ခေါ်နိုင်ခြင်း
ဩပနေယျိကော - စိတ်ထဲမှာ ငြိမ်းချမ်းမှုကို ချက်ချင်းခံစားရခြင်း
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ - ကိုယ်တိုင် ကျင့်ထားတဲ့ တရားအကျိုးကို ကိုယ်တိုင်ခံစားရခြင်း။
၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
၁၆။ နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ။
၁၇။ ကျင့်နေစဉ် ဂုဏ်ရည်
၁) သုပ္ပဋိပန္နော ဘဂဝါတော သာဝကသံဃော - မှန်ကန်တဲ့ အကျင့်ကို ကျင့်ခြင်း
၂) ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - အစွန်းရောက်တဲ့ အကျင့်ကို ရှောင်ပြီး မဇ္ဈိမပဋိပဋာ ဖြောင့်မှန်သော လမ်းစဉ်ကို ကျင့်ခြင်း
၃) ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - နိဗ္ဗာန် (ဉာယ) ကို ရောက်စေနိုင်တဲ့ လမ်းစဉ်ကို ကျင့်ခြင်း
၄) သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော - မှန်ကန်တဲ့ အကျင့် (အကြောင်း)နဲ့ အကျိုး လိုက်လျောညီထွေမှုရှိခြင်း
ကျင့်ပြီး ရရှိသည့် အကျိုးကျေးဇူး
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ - ၈ ဦး
ဧသ ဘဂဝတော သာဝကသံဃော၊
၅) အာဟုနေယျော - ရပ်ဝေးက ဆောင်ယူလာတဲ့ ပစ္စည်းကို လှူထိုက်ခြင်း
၆) ပါဟုနေယျော - ဧည့်သည်တို့အတွက် အထူးသီးသန့်ထားတဲ့ ပစ္စည်းကို လှူထိုက်ခြင်း
၇) ဒက္ခိဏေယျော - မြတ်သောအလှူကို ခံထိုက်ခြင်း (တမလွန်ဘဝက ပုဂ္ဂိုလ်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုရာမှာ အကျိုးကျေးဇူးရနိုင်လို့ လှူထိုက်တဲ့ ပုဂ္ဂိုလ်)
၈) အဉ္ဇလိကရဏီယော - လက်အုပ်ချီခြင်းကို ခံထိုက်ခြင်း
၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ - ကုသိုလ်ပင် စိုက်ပျိုးဖို့အတွက် အကောင်းဆုံး (အတုမရှိသော) မြေဖြစ်ခြင်း
၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
၁၉။ တံ ကိဿ ဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။
အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊
ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော၊
အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
တံ - ထိုသို့ဖြစ်ခြင်းမှာ
ကိဿ ဟေတု - အဘယ်ကြောင့်နည်း
တထာဂတော ဟိ ဘိက္ခဝေ - ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းသော ငါဘုရားသည်
အရဟံ - ကိလေသာ အကုန်ကင်းစင်ခြင်း၊ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း
သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာ သိခြင်း
ဝီတရာဂေါ၊ ဝီတဒေါသော၊ ဝီတမောဟော - ရာ?၊ ဒေါသ၊ မောဟ ကင်းခြင်းကြောင့်
အဘီရု - မကြောက်တတ်
အဆမ္ဘီ - တုန်လှုပ်တတ်
အနုတြာသီ - မလန့်တတ်
အပလာယီတိ - မထွက်ပြေးတတ်။
ဥပမာ ပိုက်ဆံမရှိတဲ့ လူကို ငွေသွားချေးလို့ မရသလိုမျိုး။
ကြောက်တတ်တဲ့သူကို အားကိုးလို့မရ။ အကြောက်အလန့် မရှိတဲ့လူကို ကိုးကွယ်ဆည်းကပ်ရမှာ။
၂၀။ ဣဒ မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော၊
အထာပရံ ဧတဒဝေါစ သတ္ထာ။
ဣဒ - ဤသို့သော စကားကို
မဝေါစ - မိန့်တော်မူ၏။
ဘဂဝါ - မြတ်စွာဘုရား (ဘဂဝါဂုဏ်တော်)
ဣဒံ ဝတွာန သုဂတော - ဤသို့သော စကားကို မိန့်တော်မူ၏ (သုဂတောဂုဏ်တော်)
အထာ - ထို့နောက်
ပရံ - တစ်ခြားသော
ဧတ - ဤသို့သော စကားကို
ဒဝေါစ - မိန့်တော်မူ၏
သတ္ထာ - မြတ်စွာဘုရား (သတ္တာဒေဝမနုဿာနံဂုဏ်တော်)
၂၁။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေဝ ဘိက္ခဝေါ။
အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။
နော သိယာ - မဖြစ်
၂၂။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊
အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
သရေယျာထ = အနုဿရေယျာထ
ဗုဒ္ဓဂုဏ်တော်
လောကဇေဋ္ဌံ - လောက၏ အကြီးအကဲဖြစ်သော
နရာသဘံ - မြတ်သော
ဓမ္မဂုဏ်တော်
နိယျာနိကံ - သံသရာမှ ထွက်မြောက်ကြောင်းဖြစ်သော
သုဒေသိတံ - ကောင်းစွာဟောကြားထားသော
၂၃။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
အထ သံဃံ သရေယျာထ၊ ပုညက္ခတ္တံ အနုတ္တရံ။
သံဃာ့ဂုဏ်တော်
ပုညက္ခတ္တံ အနုတ္တရံ - ကုသိုလ်ပင် စိုက်ပျိုးဖို့အတွက် အကောင်းဆုံး မြေဖြစ်သော
၂၄။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
ဧဝံ - ဤသို့
ဗုဒ္ဓံ
သရန္တာနံ - အောက်မေ့
ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော
န ဟေဿတိ - မဖြစ်
No comments:
Post a Comment