ပါမောက္ခချုပ်ဆရာတော်ကြီး၏ အဘိဓမ္မာဒေသနာတော်ကြီး ဗီဒီယိုကြည့်ရန်
အဘိဓမ္မာမြတ်ဒေသနာ စာအုပ်နှင့် တွဲကြည့်ရန်
ပိဋကတ် ၃ ပုံ
မြတ်စွာဘုရား၏ အဆုံးအမတွေကို စုစည်းထားသည့် သင်ယူအပ်သည့် ကျမ်းစာ
၁။ ဝိနယ - ရဟန်းသံဃာတွေ လိုက်နာရန် စည်းမျဉ်းစည်းကမ်းတွေအနေနှင့် ဟောထားသည့် ဥပဒေသ
၂။ သုတ္တန္တ - အကြောင်းအကျိုး၊ အကောင်းအဆိုး၊ လုပ်သင့်၊ မလုပ်သင့် သတ္တဝါတို့၏ စရိုက်ကို ကြည့်၍ နည်းဥပဒေများဖြင့် ဟောထားသည့် အဆုံးအမ (ယထာနုလောမသာသနာ)
၃။ အဘိဓမ္မ - ပရမတ္ထအနှစ်။ သဘာဝတရားတွေဟာ ဆိုင်ရာအကြောင်းတွေကို မှီပြီး ဖြစ်နေကြောင်း ဟောထားသည့် အဆုံးအမ (ယထာဓမ္မသာသနာ)
အဘိဓမ္မတ္ထသင်္ဂဟကျမ်း = အဘိဓမ္မာအကျဉ်းချုပ် (သင်္ဂြိုဟ်ကျမ်း)
အဘိဓမ္မ ၇ ကျမ်း
၁။ ဓမ္မသင်္ဂဏီ - သဘာဝတရားတွေကို အစုလိုက် စုပြီး ဖော်ပြတဲ့ကျမ်း။ ရုပ်နဲ့ စိတ်ကို အဓိကထားဟော။
၂။ ဝိဘင်္ဂ - ခန္ဓာ၊ အာယာတန၊ ဓာတ်
၃။ ဓာတုကထာ - သဘာဝဓာတ်သဘော
၄။ ပုဂ္ဂလပညတ္တိ - သဘာဝတရားတွေနဲ့ ဆက်စပ်ပြီး ဖြစ်နေတဲ့ ပညတ် ၆ မျိုး
၅။ ကထာဝတ္ထု - အငြင်းပွားစရာ အချက်အလက်တွေရဲ့ သဘာဝအမှန်ကို ဆုံးဖြတ်ပြတဲ့ ကျမ်း
၆။ ယမက - သဘာဝတရားတွေကို အမေးအဖြေ အစုံလိုက် ဟောထားတဲ့ ကျမ်း
၇။ ပဋ္ဌာန - အကြောင်းနှင့် အကျိုး ဆက်သွယ်ပုံကို ရှင်းပြသည့် ကျမ်း
==========================================================
သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ
သမ္မုတိသစ္စာ (ပညတ္တိ)
အများက အသိအမှတ်ပြုထားလို့ မှန်ကန်တယ်ဆိုတဲ့ အရာ (General consensus)။ သဘာဝအားဖြင့် မမှန်ဘူး။
ပုံသဏ္ဌာန် ပျက်သွားလို့ ရှိရင် သို့မဟုတ် အသိဉာဏ်နဲ့ ခွဲစိတ်ကြည့်ရင် အမည်ပြောင်းသွားတတ်တယ်။
သမ္မုတိသစ္စာဟာလည်း အရေးကြီးတယ်။ ပယ်ရမယ့် အရာ မဟုတ်ဘူး။
လောကက သတ်မှတ်ထားတဲ့အတိုင်း သူ့နေရာနဲ့သူ လေးစားလိုက်နာရမယ်။ လောကလူတွေ စည်းကမ်းတကျ နေတတ်ဖို့၊ စည်းမျဉ်းဥပဒေအတိုင်း နေတတ်ဖို့၊ ညီညီညွတ်ညွတ် နေတတ်ဖို့၊ လောကမှာ ကြီးပွားတိုးတက်ဖို့ဆိုရင် ပညတ်နဲ့ သွားရတယ်။
သမ္မုတိသစ္စာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တွယ်တာမှုကို ဘယ်တော့မှ မဖယ်ရှားနိုင်ဘူး။ တဏှာ၊ လောဘကို မဖယ်ရှားနိုင်သမျှ သံသရာဝဋ်က ဘယ်တော့မှ မလွတ်ဘူး။
ပညတ်အမျိုးမျိုး
သဒ္ဒပညတ် - စကားလုံးတွေ၊ ဝေါဟာရတွေ၊ အမည်နာမတွေ
အတ္ထပညတ် - စကားလုံးတွေ၊ ဝေါဟာရတွေ၊ အမည်နာမတွေက ဖော်ပြတဲ့ အရာဝတ္ထု
ဝိဇ္ဇမာနပညတ် - အရှိကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ ပညတ်။ ဥပမာ - စိတ်
အဝိဇ္ဇမာနပညတ် - မရှိတာကို အရှိလုပ်ပြီး ခေါ်ဝေါ်တဲ့ ပညတ်။ ဥပမာ - ယုန်ချို
ပရမတ္ထသစ္စာ
သဘာဝအတိုင်း ဖြစ်လို့ မှန်ကန်တယ်ဆိုတဲ့ အရာ (Ultimate Reality/Absolute Reality)။ မပြောင်းလဲသော သဘော။
ပရမ - အမြင့်ဆုံးသော/အင်မတန် ထူးခြားသော အသိဉာဏ်ဖြင့် သိရသော၊ အတ္ထ - အနှစ်သာရ/သဘာဝတရား
ပုံသဏ္ဌာန်တွေ ဘယ်လောက်ပြောင်းပြောင်း ပြောင်းမသွားဘူး။ ဘယ်လိုခွဲခွဲ ပျောက်မသွားဘူး။ သဘာဝအနေနဲ့ ရှိနေတယ်။
မပြောင်းလွဲတဲ့ အနှစ်သာရ၊ မပြောင်းလွဲတဲ့ သဘော၊ ထူးခြားတဲ့ အသိဉာဏ်နဲ့ သိရတဲ့ သဘာဝတရား။
*ပရမတ္ထသစ္စာရှုထောင့်ကနေ ကြည့်လိုက်ရင် သမ္မုတိသစ္စာဟာ အလွဲအမှား ဖြစ်သွားပြန်တယ်။
တကယ့်အမှန်တရား
ကုသိုလ်ဟာ ‘အနဝဇ္ဇ - အပြစ်ကင်းတယ်၊ သုခဝိပါက - ချမ်းသာတယ်ဆိုတဲ့ အကျိုးကို ပေးတယ်’။ ဒါပေမဲ့ အဖန်တလဲလဲ အို၊ နာ၊ သေဆိုတဲ့ အကျိုးတွေလည်း ပါနေတယ်။ မတည်မြဲဘူး။ ဒါကြောင့် ’သဗ္ဗေ သင်္ခါရာ ဒုက္ခာ’ အားလုံးဟာ ပျက်စီးခြင်းမှာ အဆုံးသတ်တာ ဖြစ်လို့ ကုသိုလ်ဟာလည်း ဒုက္ခ။
ပရမတ္ထတရား ၄ ပါး
၁။ စိတ္တ (စိတ်) ၈၉/၁၂၁ မျိုး |
နာမ် |
အဖြစ်တရား (သင်္ခတ) |
၂။ စေတသိက (စေတသိက်) ၅၂ မျိုး |
||
၃။ ရူပ (ရုပ်) ၂၈ မျိုး |
||
၄။ နိဗ္ဗာန (နိဗ္ဗာန်) |
အရှိတရား (အသင်္ခတ) |
အဖြစ်တရား = အကြောင်းတရားတွေကြောင့် ဖြစ်တာ။ ဖြစ်ပြီးရင် ပျက်သွားတဲ့ တရား။ ရုပ်၊ နာမ်။
သင်္ခါရ = သင်္ခတ = သံ - အကြောင်းတရားတွေက စုပေါင်းပြီး, ခါရ၊ ခတ - လုပ်ဆောင်ဖန်တီးထားတာ
သဗ္ဗေ သင်္ခါရာ အနိစ္စာ - တွင် သင်္ခါရကို သုံးသည်။
သင်္ခတ၊ အသင်္ခတ - တွင် သင်္ခတကို သုံးသည်။
ရုပ်နာမ်တရားကို ဖြစ်စေတတ်သော အကြောင်း ၂ ခု
၁။ ဇနက - ဖြစ်စေတတ်တဲ့ အကြောင်း (ကံက ထုတ်လုပ်ပေးလိုက်တဲ့ ဘဝ)
၂။ ဥပတ္ထမ္ဘက - ထောက်ပံ့ပေးတတ်တဲ့ အကြောင်း (ဥတု၊ အာဟာရ၊ စိတ်)
ကံက ထုတ်လုပ်ပေးလိုက်တဲ့ ဘဝ (မမြဲ)ကို ဥတု၊ အာဟာရ၊ စိတ် (မမြဲ) တို့က ထောက်ပံ့ပေးထားသည်။
မမြဲတဲ့ အကြောင်းတရားတွေက ထုတ်လုပ်ပေးထားတဲ့ ရုပ်၊ နာမ် (အကျိုးတရား) က ဘယ်လိုမှမမြဲနိုင်။
အရှိတရား = အကြောင်းတရားကြောင့် ဖြစ်တာမဟုတ်ဘဲ ရှိတာ။ ဖြစ်ခြင်းသဘော မရှိတဲ့၊ တည်ရှိနေတဲ့ တရား။ နိဗ္ဗာန်။
နိဗ္ဗာန်ကို ထုတ်လုပ်တဲ့ အကြောင်းမရှိဘူး။ ရောက်စေတတ်တဲ့ အကြောင်းတော့ ရှိတယ်။
အတ္ထိ ဘိက္ခဝေ အ, ဇာတံ = ဖြစ်ခြင်းသဘော မရှိတဲ့ တရားသည် ရှိတယ်။ အ, ဇာတ = အရှိတရား။ အဖြစ်တရားမဟုတ်။
==========================================================
ရုပ် ၂၈ မျိုး
ဆန့်ကျင်ဖက်အကြောင်းနှင့် ဆုံမိသောအခါ ပြောင်းလဲပျက်စီးတတ်သောကြောင့် ရုပ်ဟု ခေါ်သည်။
ရုပ် ၂၈ မျိုး |
||||||||
မဟာဘူတရုပ် ၄ မျိုး |
ဥပါဒါရုပ် ၂၄ မျိုး |
|||||||
၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော |
ပသာဒရုပ် ၅ မျိုး ၅။ စက္ခုပသာဒ ၆။ သောတပသာဒ ၇။ ဃာနပသာဒ ၈။ ဇိဝှါပသာဒ ၉။ ကာယပသာဒ |
ဂေါစရရုပ် ၇ မျိုး ၁၀။ ရူပ (ဝဏ္ဏ) ၁၁။ သဒ္ဒ ၁၂။ ဂန္ဓ ၁၃။ ရသ ဖောဋ္ဌဗ္ဗ (ပထဝီ၊ တေဇော၊ ဝါယော) |
၁၄။ ဇီဝိတရုပ် ၁၅။ အာဟာရရုပ် ၁၆။ ဟဒယဝတ္ထုရုပ် |
ဘာဝရုပ် ၂ မျိုး ၁၇။ ဣတ္ထိဘာဝရုပ် ၁၈။ ပုမ္ဘာဝရုပ် |
၁၉။ ပရိစ္ဆေဒရုပ် |
ဝိညတ္တိရုပ် ၂ မျိုး ၂၀။ ကာယဝိညတ် ၂၁။ ဝစီဝိညတ် |
ဝိကာရရုပ် ၅ မျိုး (၂၀) ကာယဝိညတ် (၂၁) ဝစီဝိညတ် ၂၂။ လဟုတာ ၂၃။ မုဒုတာ ၂၄။ ကမ္မညတာ |
လက္ခဏရုပ် ၄ မျိုး ၂၅။ ဥပစယ ၂၆။ သန္တတိ ၂၇။ ဇရတာ ၂၈။ အနိစ္စတာ |
မဟာဘူတရုပ် ၄ မျိုး (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
မဟာ - အလွန်ကြီးကျယ်၊ ဘူတ - ပေါ်လွင်ထင်ရှားသော (အထင်အရှားရှိသောကြောင့်)
နိဿယ - ဥပါဒါရုပ်တို့၏ မှီရာဖြစ်ခြင်း
မဟာဘူတ ၄ ပါးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် နိဿယ - မှီရာလည်း ဖြစ်သည်။ နိဿိတ - မှီ၍လည်း ဖြစ်သည်။
၁။ ပထဝီ (မြေသဘော - မာ၊ ပျော့၊ ခက်မာမှု၊ အတုံးအခဲ) (ပထဝီသည် ရုပ်အားလုံး၏ တည်ရာ)
၂။ အာပေါ (ရေသဘော - စုစည်းမှု၊ ယိုစီးမှု)
၃။ တေဇော (မီးသဘော - ရင့်ကျက်စေမှု၊ အပူအအေး)
၁) သန္တပ္ပနတေဇော - ဖျားလို့ ပူလောင်တဲ့ တေဇော (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
၂) ဇိရဏတေဇော - အိုမင်းရင့်ရော်စေသော တေဇော (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
၃) ပါစကတေဇော - အစာကြေညက်အောင် အပူပေးသော တေဇော (ကံကြောင့်ဖြစ်)
၄) ဍဟနတေဇော - ခန္ဓာကိုယ်ကို ပူလောင်စေတတ်သော လွန်ကဲသော တေဇော (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
၄။ ဝါယော (လေသဘော - တွန်းကန်မှု၊ လှုပ်ရှားမှု၊ ရွေ့လျားမှု) (ပြိုလဲမသွားအောင် ထောက်ကန်ပေးထားတဲ့ သဘော)
၁) ဥဒ္ဓင်္ဂမ - အထက်သို့ ဆန်တက်သည့် လေ (လေတက်တဲ့ လေ)
၂) အဓောဂမ - အောက်သို့ စုန်သည့် လေ
၃) ကုစ္ဆိဋ္ဌ - ဝမ်း၌ တည်သောလေ
၄) ကောဋ္ဌာသယ - အူ၌ တည်သောလေ
၅) အင်္ဂမင်္ဂါနုသာရီ - အင်္ဂါကြီးငယ် သက်ရောက်သည့် လေ
၆) အဿာသပဿာသ - ထွက်သက်ဝင်သက်လေ (စိတ်ကြောင့်ဖြစ်)
ဥပါဒါရုပ် ၂၄ မျိုး (နိဿိတ - မဟာဘူတရုပ်တို့ကို မှီ၍ဖြစ်ခြင်း)
ပသာဒရုပ် ၅ မျိုး (ကံကြောင့်ဖြစ်) (အတိတ်ကံ)
ပြင်ပက အာရုံများကို ဖမ်းယူနိုင်စွမ်း ရှိသည်။ (Sense organs)
ပသာဒရုပ်ကို မမြင်နိုင်။ ရုပ် ၂၈ ပါးတွင် အဆင်းအာရုံတစ်ခုတည်းကိုသာ မြင်၍ရ၏။
မဟာဘုတ်လေးပါးကို မှီသည်။
၅။ စက္ခုပသာဒ (မျက်စိအကြည်)
အဆင်းအာရုံကို ဖမ်းယူနိုင်စွမ်း ရှိသည်။
မျက်စေ့တစ်ခုလုံး မဟုတ်။
မျက်နက်ဝန်းအလယ် သန်းဦးခေါင်းပမာဏရှိသည့် ပုံရိပ်ထင်ရာ အရပ်၌ မျက်လွှာ ၇ ထပ် ပျံ့နှံ့လျက် တည်၏။
၆။ သောတပသာဒ (နားအကြည်)
နားတစ်ခုလုံး မဟုတ်။
နားအတွင်း လက်စွပ်ကွင်းသဏ္ဌာန် ဝန်းရံလျက် အမွှေးနုပေါက်ရာ အရပ်၌ တည်၏။
၇။ ဃာနပသာဒ (နှာခေါင်းအကြည်)
နှာခေါင်းအတွင်း ဆိတ်ခွါသဏ္ဌာန် အသားစိုင်ရှိရာ အရပ်၌ တည်၏။
၈။ ဇိဝှါပသာဒ (လျှာအကြည်)
လျှာ၏ အလယ် ကြာပွင့်ဖတ်အဖျားသဏ္ဌာန်ရှိ အရပ်၌ တည်၏။
၉။ ကာယပသာဒ (ကာယအကြည်) - ထိရင် သိသည့်နေရာ မှန်သမျှ
ကမ္မဇတေဇော၏ တည်ရာအရပ်၊ ဆံပင်ဖျား၊ မွေးညင်းဖျား၊ လက်သည်းခြေသည်းဖျား၊ သွေးသားမစပ် ခြောက်ကပ်သော အရေတို့မှတပါး ကိုယ်ကာယအနှံ့ တည်၏။
“နာမရူပ ပစ္စယာ သလာယတနာ” = ပြင်ပက အာရုံတွေနဲ့ ဆက်သွယ်ဖို့
ဂေါစရရုပ် ၇ မျိုး (ဝိသယ = အာရုံ)
စိတ်တို့၏ ကျက်စားရာ အာရုံ။
မဟာဘုတ်လေးပါးကို မှီသည်။
၁၀။ ရူပ (ဝဏ္ဏ) (အဆင်း) (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
ရုပ် ၂၈ ပါးတွင် အဆင်းအာရုံတစ်ခုတည်းကိုသာ မြင်၍ရ၏။
၁၁။ သဒ္ဒ (အသံ) (စိတ်၊ ဥတုကြောင့် ဖြစ်)
စိတ်၊ ဥတု - ပစ္စုပ္ပန်အကြောင်းတရားကြောင့်ဖြစ်
အမြဲပေါ်နေတာ မဟုတ်ဘူး။ အတိတ်ကံကြောင့် ဖြစ်တာမဖြစ်ဘူး။ ပစ္စုပ္ပန်အကြောင်းဆုံလို့ ပေါ်လာတာဖြစ်လို့ အဝိနိဗ္ဗောဂ ၈ ခု အစုထဲ မပါ။
၁၂။ ဂန္ဓ (အနံ့) (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
၁၃။ ရသ (အရသာ) (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
(၁၊ ၂၊ ၃) ဖောဋ္ဌဗ္ဗ (အထိအတွေ့) (ပထဝီ၊ တေဇော၊ ဝါယော) (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
အာပေါသည် စုစည်းခြင်း၊ ယိုစီးခြင်းသဘော ဖြစ်သည့်အတွက် စိတ်ဖြင့်သာ သိနိုင်၊ ထိတွေ့၍ မရ။
၁၄။ ဇီဝိတရုပ် (ကံကြောင့်ဖြစ်)
ဇီဝိတိန္ဒြေ
ကမ္မဇရုပ်တို့၏ အသက်
သူ့ကိုယ်သူလည်း စောင့်ရှောက်၊ တစ်ခြား ကမ္မဇရုပ်တွေကိုလည်း ရှင်သန်နေအောင် စောင့်ရှောက်။ ဥတုဇရုပ်တော့ မစောင့်ရှောက်။ (ကြာရွက်တွေ မညှိုးအောင် ရေက စောင့်ရှောက်သလိုမျိုး)
ဝမ်းမီး (ပါစကတေဇော) အပါအဝင် တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် တည်၏။
သေဆုံး - အချက် ၃ ချက်ချုပ်
၁) အာယု - ဇီဝိတိန္ဒြေ
၂) ဥသ္သမာ - သန္ဓေက ပါလာတဲ့ ကံကြောင့်ဖြစ်တဲ့ အပူငွေ့
၃) ဝိညာဏ - အသိစိတ်
နိရောဓသမာပတ်ဝင်စား (စတုတ္ထဈာန်) - ပြန်လည်နိုးထလာနိုင်၊ စိတ်တွေက်ို ခဏရပ်ဆိုင်းထား။ ၁ နဲ့ ၂ ကျန်။
အသညသတ်ဘုံ
၁၅။ အာဟာရရုပ် (သြဇာ) (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)
ဩ - မိမိဖြစ်လာပြီးသည့်နောက်၊ ဇာ - အခြားတစ်ခုကို ထုတ်လုပ်သည်။ အကျိုးတရားတစ်ခုကို ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်သည့်အရာ။
အဆီအနှစ် ရသဓာတ်။
စားတာ၊ မစားတာနဲ့ မဆိုင်။ အဆိပ်၊ မှန်ချပ်၊ မြေကြီးမှာလည်း ဩဇာဓာတ် ရှိသည်။
ကျန်းမာရေး ကောင်းနေတဲ့အခါမှာ အပြင်ဩဇာနဲ့ အတွင်းဩဇာ (ကံကြောင့်ဖြစ်)နဲ့ ပေါင်းပြီး အာဟာရဇရုပ်ကို ထုတ်လုပ်သည်။
ကျန်းမာရေး အရမ်းချို့တဲ့လာရင် အတွင်းဩဇာ အလုပ်မလုပ်တော့လို့ အာဟာရဇရုပ်ကို မထုတ်လုပ်နိုင်တော့ဘူး။
၁၆။ ဟဒယဝတ္ထုရုပ် (ကံကြောင့်ဖြစ်)
ဟဒယ - စိတ်၊ ဝတ္ထု - တည်ရာ
စိတ်၏တည်ရာ - စိတ်ဖြစ်ပေါ်သည့် နေရာ သွေးထဲ၌ တည်ရှိသည်။ နှလုံးအိမ်အတွင်းရှိ ပသတ ထက်ဝက်ခန့် ပမာဏရှိသော သွေးကို မှီ၍ ဖြစ်၏။ (ပသတ = တစ်လက်ဖက်၊ တစ်လက်ဆွံ့။ လက်ဖဝါးကို လှန်ပြီး တွန့်ခုံးထားသည့် အတွင်း၌ တည်ရှိသော အရည်ပမာဏခန့်)
ချစ်တာ၊ မုန်းတာက နှလုံးသား။ တွေးတာ၊ ကြံတာက ဦးနှောက်ဆိုတော့ အဲဒီနှစ်ခုထဲက တစ်လက်ဖက်/တစ်လက်ဆွံ့ ပမာဏခန့်ရှိတဲ့ သွေးထဲမှာ စိတ်တည်ရှိတယ်။
မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်သော ရုပ်။
ဘာဝရုပ် ၂ ခု (ကံကြောင့်ဖြစ်)
အဖိုအမ ဝေါဟာရနှင့် အသိစိတ်တို့၏ အကြောင်းဖြစ်သောကြောင့် ဘာဝဟု ခေါ်သည်။
သုခုမရုပ် - ပုံသဏ္ဌာန် ထုတ်ပြလို့ မရ။ သိမ်မွေ့။ စိတ်ဖြင့်သာ သိနိုင်။
တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် တည်၏။ အမူအရာ၊ အသွင်သဏ္ဌာန်ထူးတွေကို ဖြစ်စေနိုင်၏။
၁၇။ ဣတ္ထိဘာဝရုပ် (Femininity) (အမျိုးသမီးဟု သိကြောင်း ရုပ်)
၁၈။ ပုမ္ဘာဝရုပ် (Musculinity) (အမျိုးသားဟု သိကြောင်း ရုပ်)
(နပုဏ်း၊ ပန္နုတ် - ဖိုမဟုတ်၊ မမဟုတ်။ အခြေခံရုပ် မပီပြင်။
ဥပတောဗျည်း - ဖိုသဘာဝရော မသဘာဝပါပါ။ နှစ်ခုလုံးပါ။
အများအားဖြင့် စိတ်နေသဘောထား မမြင့်မြတ်၊ သေးသိမ်။ အသိဉာဏ် မထက်မြက်။ ရဟန်းဝတ်ခွင့် မပြုတာ ၃၂ မျိုးရှိ။
ကုသိုလ်တော့ လုပ်လို့ရ။
အရုပ်ဆိုးအကျည်းတန်လွန်းနေရင် (ဘီလူးလိုမျိုး) လည်း ခွင့်မပြု။ ကိုယ်လက်အင်္ဂါ ပျက်စီးနေရင်လည်း ခွင့်မပြု။)
၁၉ မှ ၂၈ ရုပ်အစစ် မဟုတ်ပေမဲ့ ရုပ် ၁၈ ခုနှင့်ဆက်စပ်နေသဖြင့် ရုပ်ဟု ခေါ်သည်။
သီးသန့်မရှိ။ ရုပ် ၁၈ ခု၏
၁၉။ ပရိစ္ဆေဒရုပ် (အာကာသဓာတ်)
ရူပကလာပတစ်စုနှင့် တစ်စုအကြားရှိ အာကာသဓာတ်။ (ကောင်းကင်ကို ပြောတာမဟုတ်)
ရူပကလာပတစ်စုနှင့် တစ်စု ရောနှောပေါင်းစပ်ခြင်း မရှိစေရန် ပိုင်းခြားထားသည့် အကြား။
အပ်တစ်ချောင်းနဲ့ တစ်ချောင်းကြား၊ ဆန်စေ့တစ်စေ့နဲ့ တစ်စေ့ကြား
ရုပ်မဟုတ်သော်လည်း ရုပ်နှင့် ပတ်သက်နေသောကြောင့် ရုပ်ဟုပင် ရေတွက်သည်။
ဝိညတ္တိရုပ် ၂ ပါး (စိတ်) (သိစေတတ်သော)
မိမိ၏ ဆန္ဒကို တစ်ဖက်သားအား သိစေတတ်သောကြောင့်
၂၀။ ကာယဝိညတ် - ကိုယ်အမူအရာဖြင့် သိစေခြင်း။
၂၁။ ဝစီဝိညတ် - နှုတ်မြွက်ပြောဆိုသံဖြင့် သိစေခြင်း။ သဒ္ဒရုပ် (အသံ) နဲ့ အမြဲတွဲနေ။
ဝိကာရရုပ် ၅ ပါး
ရုပ်တို့၏ ထူးခြားသည့် အခြေအနေတစ်မျိုး
(၂၀) ကာယဝိညတ်
(၂၁) ဝစီဝိညတ်
၂၂။ လဟုတာ - ပေါ့ပါးမှု (စိတ်၊ ဥတု၊ အာဟာရ)
၂၃။ မုဒုတာ - ပျော့ပျောင်းမှု၊ နူးညံ့မှု (စိတ်၊ ဥတု၊ အာဟာရ)
၂၄။ ကမ္မညတာ - လုပ်ဆောင်နိုင်မှု (စိတ်၊ ဥတု၊ အာဟာရ)
လေးလံခြင်း၊ တောင့်တင်းမှု၊ မလုပ်ဆောင်နိုင်မှုတို့နှင့်မတူ ထူးခြားသော ရုပ်၏အခြေအနေတစ်မျိုး။
လက္ခဏရုပ် ၄ ပါး
ရုပ်၏ အမှတ်အသား လက္ခဏာ
၂၅။ ဥပစယ - ရုပ်၏ စတင်ဖြစ်ခြင်း (ဥပါဒ် - ဥပ္ပါဒ) (ဘေးဥပဒ် - ဥပ္ပဒဝနှင့်မတူ)
၂၆။ သန္တတိ - ရုပ်၏ ဆက်လက်ဖြစ်ပေါ်ခြင်း
(ဥပစယ + သန္တတိ = ဇာတိရုပ်)
၂၇။ ဇရတာ - ရုပ်၏ ရင့်ရော်ခြင်း
၂၈။ အနိစ္စတာ - ရုပ်၏ ပျက်စီးသွားခြင်း၊ မမြဲခြင်း
No comments:
Post a Comment