Wednesday, June 28, 2023

၂။ လောကဓမ္မ (လောကဓံတရား ၈ ပါး)

လောကဓမ္မ (လောကဓံတရား ပါး)

သစ္စာရွှေစည်ဆရာတော်၏ လောကဓမ္မတရားတော် ဗီဒီယိုကြည့်ရန် 

)

လောက - သတ္တဝါတည်းဟူသော သတ္တလောကမှာ 

(လောက ပါးကို ပြောတာမဟုတ်။

သတ္တလောက -

သြကာသလောက -

သင်ခါရလောက - )

ဓမ္မ - ဖြစ်လေ့ဖြစ်ထရှိသော ရှောင်လွှဲ၍ မရသော တရားများ။ 



လာဘော၊ အလာဘော - လိုချင်၊ ဖြစ်ချင်တာတွေ ရခြင်း၊ မရခြင်း။ ရပြီးလျှင် ဆုံးရှုံးပျက်စီးသွားခြင်း 

ယသော၊ အယသော - အခြံအရံများခြင်း၊ နည်းခြင်း (အထီးကျန်ခြင်း) 

နိန္ဒာ၊ ပသံသာ - ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း

သုခံ၊ ဒုက္ခံ - ကိုယ်စိတ်ချမ်းသာခြင်း၊ ဆင်းရဲခြင်း

----------------------------------------------------------------------------------


)

သတ္တဝါတို့ နောက်ကို အရိပ်လို အစဥ်လိုက်။ 

လောကဓမ္မ ရှောင်မရ၊ မုချတွေ့စမြဲ (မဟာစည်ဆရာတော်)

ကိုယ့်လုပ်ရပ် မှန်ရင် အကောင်းတွေ တွေ့မယ်။ မှားရင် အဆိုးတွေ တွေ့မယ်။ 

ကောင်းတာတွေလည်း လောကဓံပဲ။ မက်မောတွယ်တာနေလို့ လောကဓံလို့ သိပ်မပြောကြဘူး။ 

*ရဟန္တာတွေမှ မစိုးရိမ်၊ မတုန်လှုပ်နိုင်။ ပုထုဇဥ်တွေက နည်းအောင်ပဲ ကြိုးစားနိုင်။ 

*မြတ်စွာဘုရားတောင် ရှောင်လို့မရဘူး။

*ကဲ့ရဲ့ခြင်း မခံရဖူးတဲ့ သူဆိုတာ အရင်ကလည်း မရှိဘူး၊ အခုလည်း မရှိဘူး၊ နောင်လည်း ရှိမှာမဟုတ်ဘူး။

လူဆိုတာ ကြံဖန်အကြောင်းရှာပြီး ကဲ့ရဲ့မှာပဲ။ ဘာမှနားမလည်တဲ့ သူတွေရဲ့ ကဲ့ရဲ့တာက အနှစ်သာရ မရှိ။

ပညာရှိတွေရဲ့ ကဲ့ရဲ့ခြင်း မခံရအောင်ပဲ ကြိုးစားရမယ်။

ဒီခန္ဓာကြီး ရှိနေသရွေ့ ကဲ့ရဲ့ခြင်း ခံရမှာပဲ။ 

အကြီးကြီးတွေမှ မဟုတ်ဘူး။ သေးသေးလေးတွေက စလို့ လောကဓံပဲ။ မမြင်ချင်တာ မြင်တာ၊ မကြားချင်တာ ကြားတာ စသဖြင့်။ သေးသေးလေးတွေက ပိုလို့တောင် များတယ်။ 

----------------------------------------------------------------------------------



ဘယ်လိုတုန်လှုပ်မှု ကင်းအောင်၊ နည်းအောင် ကြိုးစားရမလဲ? လောကဓံကို ရင်ဆိုင်နည်း?

.) သဘာဝတရားဖြစ်လို့ ရှောင်လို့မရဘူးဆိုတာ လက်ခံနိုင်တဲ့ စိတ်ကို မွေးရမယ်။


.) သဗ္ဗေသတ္တာ ကမ္မသကာ (ကံကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် ကိုယ်ပြုထားတဲ့ အမှုနဲ့ တန်တာရတာ) ဆိုတဲ့ စိတ်ကို မွေးရမယ်။ (အကြောင်းတရားရှိ - အသားလွတ်ခံရတာ မရှိ)


လာဘ်လာဘမ

မြတ်စွာဘုရားတောင်မှ ဝေဒင်ဇာပုဏ္ဏားက မာရ်နတ်ရဲ့ လှည့်စားမှုကြောင့် ဆွမ်းကပ်ဖို့ မေ့နေလို့ မြင်းတွေကို ကျွေးတဲ့ မုယောဆန်အကြမ်းကို စားရဖူးတယ်။ (အကျိုး)

ရဟန်းသံဃာတွေကို ဝစီကံနဲ့ စော်ကားခဲ့ဖူးလို့ (အကြောင်း)

-

ခြွေရံမရှိ

သံဃာတွေ အငြင်းအခုံဖြစ်လို့ တစ်ပါးတည်း ထွက်သွားတော့ ဝတ်ကြီးဝတ်ငယ် ပြုစုမယ့်သူမရှိ တစ်ပါးတည်း သီတင်းသုံးရဖူးတယ်

-

ကဲ့ရဲ့

သုန္ဒရီရဲ့စွပ်စွဲမှု (အကျိုး)

ရဟန်းသံဃာတို့ကို စွပ်စွဲခဲ့ဖူးလို့ (အကြောင်း)

-

ဒုက္ခ

ဒေဝဒတ်က ကျောက်တုံးနဲ့ တိုက်သတ်လို့ ခြေမ ကွဲ (အကျိုး)

အမွေကြောင့် ညီဖြစ်သူရဲ့ သားကို သတ်ဖူးလို့ (အကြောင်း)

-

ကုဏ္ဏဒါနမထေရ် 

ကုဏ္ဏ - မိန်းမကျူးသူ

မိန်းမတစ်ယောက် နောက်ကအမြဲလိုက် (အကျိုး)

ရုက္ခစိုးနတ်ဘဝတုန်းက ရဟန်းတော် ပါး ချစ်ခင်မှုမေတ္တာ ရှိတာကို စမ်းသပ်တဲ့အနေနဲ့ မိန်းမပုံ ဖန်ဆင်းပြီး စမ်းသပ်။ ရဟန်း ပါး စိတ်ဝမ်းကွဲ။ နောက်ပြီး ငရဲကျသွား။ (အကြောင်း)

-

*သူက ကိုယ့်ကို ကြမ်းကြမ်းတမ်းတမ်း ပြောလို့ ကိုယ်က ပြန်ပြောရင် တစ်သက်လုံး ပြီးတော့မှာ မဟုတ်ဘူး။ နောက်ကွယ်မှာ အကြောင်းတရားတွေက အမြဲတမ်း ရှိတယ်​ 

*ခန္ဓာ ပါးရှိလို့ အကုသိုလ်ဆင်းရဲဆိုတာ တွေ့ရတာ။ (အကြောင်းတရား စစ်စစ်)



.) လောကဓံတရားတွေက ဘယ်လိုသဘာဝ ရှိလဲဆိုတာ သူတို့ရဲ့ သဘာဝအမှန်ကို သိအောင် ကြိုးစားရမယ်။ (အကျိုးတရား)


လောကဓံတရားတွေရဲ့ သဘောသဘာဝ ပါး

အနိစ္စ - မမြဲသည့် သဘော

ဒုက္ခ - ဆင်းရဲသည့် သဘော

ဝိပရိနာမဓမ္မ - တစ်မျိုးတစ်မည် ပြောင်းလဲသွားဦးမည့် သဘော။ ဘယ်ဟာမှ တစ်သမတ်တည်း ရပ်တည်နေတာ မရှိ။ ပြောင်းလဲဖောက်ပြန်ခြင်း သဘော။


*လူတိုင်း လောကဓံတွေ့တာပဲ။ (ပညာရှိလည်း လောကဓံတွေ့တာပဲ။ ဉာဏ်နည်းသူလည်း တွေ့တာပဲ)


ဉာဏ်နည်းသူများ၏ လောကဓံကို ရင်ဆိုင်နည်း

ကောင်းတာနဲ့ တွေ့တော့ လောဘဖြစ်တယ်။ မကောင်းတာနဲ့ တွေ့တော့ ဒေါသဖြစ်တယ်။ 

ရလဒ်က ပဋိသန္ဓေကစလို့ မရဏအဆုံး ဘယ်ဆင်းရဲဒုက္ခကမှ မလွတ်ဘူး။ 



ပညာရှိသူတို့၏ လောကဓံကို ရင်ဆိုင်နည်း

အမှန်ကို သိတော့ ကောင်းတာ၊ မကောင်းတာတွေ့လည်း လောဘ၊ ဒေါသ မဖြစ်ဘူး။ 

လောဘ၊ ဒေါသရဲ့ လွှမ်းမိုးမှု မရှိဘူး။ လူ့ဘဝ ရခိုက် ကိုယ်လုပ်စရာ ရှိတာပဲ လုပ်တယ်။ နောက်ဆုံး ဒုက္ခက လွတ်မယ်။


သံသရာ

ကိလေသစက် -> ကမ္မစက် -> ဝိပါကစက် 

ကိလေသစက် - လောဘ၊ ဒေါသ၊ မောဟဖြစ်ခြင်း (အဓိက အကျဆုံး)

ကမ္မစက် - ကိလေသက ခိုင်းလို့ လုပ်ခြင်း၊ ပြောခြင်း၊ တွေးခြင်း

ဝိပါကစက် - ကောင်းဆိုးအကျိုး 


*ဝိပါကစက်ကနေ ကိလေသစက်ဆီ ပြန်မကူးအောင် လုပ်ရမယ် (ကောင်းဆိုးအကျိုးကနေ လောဘ၊ ဒေါသ၊ မောဟဖြစ်ရင် ကိလေသစက် ပြန်လည်)

No comments:

Post a Comment

Popular Posts