Tuesday, July 4, 2023

၅။ မေတ္တာသုတ်အနှစ်ချုပ်

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ မေတ္တသုတ် အနှစ်ချုပ် ၁ ဗီဒီယိုကြည့်ရန်

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ မေတ္တသုတ် အနှစ်ချုပ် ၂ ဗီဒီယိုကြည့်ရန်


၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။

     ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။


၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ ပဿတိ။

     ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။


၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။

     သက္ကော ဥဇူစ သုဟုဇူစ၊သုဝစောစဿ မုဒု အနတိမာနီ။


၄။ သန္တုဿကော သုဘရော စ၊အပ္ပကိစ္စော သလ္လဟုကဝုတ္တိ။

     သန္တိန္ဒြိယော နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။


၅။ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ 

     သုခိနော ခေမိနော ဟောန္တု၊သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။


၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ နဝသေသာ။

     ဒီဃာ ဝါ ယေ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။


၇။ ဒိဌာ ဝါ ယေ အဒိဌာ၊ယေ ဒူရေ ဝသန္တိ အဝိဒူရေ။ 

     ဘူတာ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 


၈။ ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ ကဉ္စိ။ 

     ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။


၉။ မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ။

     ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ 


၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။

  ဥဒ္ဓံ အဓော တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။ 


၁၁။ တိဌံ စရံ နိသိန္ဒော ဝ၊သယနော ယာဝတဿ ဝီတမိဒ္ဓေါ။

       ဧတံ သတိံ အဓိဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။ 


၁၂။ ဒိဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ 

       ကာမေသု ဝိနေယျ ဂေဓံ၊ ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

=====================================================================


*မိတ်ဆွေရဲ့ စိတ်ဓာတ် ထားနိုင်ရမယ်။ 

*ရွတ်နေရုံနဲ့ အန္တရာယ်ကင်းတာက မေတ္တာပွားသလောက်တော့ အကျိုးကျေးဇူး များမှာမဟုတ်။ *မေတ္တာဘာဝနာက ပွားများအားထုတ်ရမှာသာ ဖြစ်သည်။ စိတ်ထဲမှာ မေတ္တာဓာတ် ကိန်းဖို့ လိုတယ်။


မေတ္တာအကျိုး ၁၁ မျိုး

) ချမ်းသာအိပ်စက်၊ ) ချမ်းသာလျက်နှိုး

) အိပ်မက်ဆိုးကင်း၊ ) စောင့်ခြင်းနတ်များ

) လူသားလည်းချစ်၊ ) နတ်လည်းချစ်လျက်

) လက်နက်ဆိပ်မီး၊ ပြီးသည်တစ်ဖြာ

) မျက်နှာရွှင်ကြည်၊ ) တည်ကြည်နှလုံး (သမာဓိ လျင်မြန်စွာ ရနိုင်)

၁၀) သေဆုံးမတွေ (သတိနဲ့ သေ)

၁၁) သေလျှင် ဗြဟ္မာ ဖြစ်တတ်စွာသည်


၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။ 

ယဿာနုဘာဝတော - မေတ္တာရဲ့ အစွမ်းတန်ခိုးကြောင့်

ယက္ခာ - ဘုမ္မစိုးနတ်၊ မကောင်းဆိုးဝါး၊ နတ်ဘီလူးတို့သည် 

ဘီသနံ - ကြောက်မက်ဖွယ် အာရုံ။ 

ဒဿေန္တိ - မပြဘူး။ မခြောက်လှန့်ဘူး။ကြောက်စရာအာရုံတွေကို မပြဘူး။ မေတ္တာသက်ရောက်တယ်။

     ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။ 

ရတ္တိန္ဒိဝ - နေ့ရောညပါ

အတန္ဒိတ - ပျင်းရိခြင်းမရှိဘဲ

ယဉှိ စေဝါနုယုဉ္ဇန္တော - မေတ္တာဘာဝနာလုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မယ်ဆိုရင်


၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ ပဿတိ။ 

သုခံ - ချမ်းသာစွာ 

သုပတိ - အိပ်စက်ရမယ်။ 

(စိတ်ထဲမှာ အပူတွေရှိလို့ အိပ်မပျော်)

သုတ္တောစ - အိပ်ပျော်နေရင်လည်း 

ပါပံ ကိဉ္စိ ပဿတိ - အိပ်မက်ဆိုး မမက်ဘူး

     ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ 

ဧဝမာဒိ ဂုဏူပေတံ - ယခုလို အကျိုးကျေးဇူးတွေနဲ့ ပြည့်စုံတဲ့ 

ပရိတ္တံ တံ ဘဏာမ ဟေ - မေတ္တာသုတ်ကို ရွတ်ဖတ်ကြပါစို့


၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။

ကရဏီယ - လုပ်ပါ

အတ္ထကုသလ - ကိုယ့်အကျိုးစီးပွား (သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံမှု) ကို လိမ္မာကျွမ်းကျင်သူ။ လောကီကိစ္စပဲ ဖြစ်ဖြစ်၊ လောကုတ္တရာကိစ္စပဲ ဖြစ်ဖြစ် မြင့်မြတ်လာအောင် လုပ်တဲ့လူ။ 

ယန္တ သန္တံ ပဒံ အဘိသမေစ္စ - စိတ်နှလုံးအေးချမ်းပြီး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြုပြီး နေချင်ရင် ဒါမှမဟုတ် ငြိမ်းငြိမ်းချမ်းချမ်း အန္တရာယ်ကင်းကင်းနဲ့ နေချင်ပြီဆိုရင် အလုပ်တစ်ခု (သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံအောင်) လုပ်ပါ။


အတ္ထကုသလ (ကိုယ့်အကျိုးစီးပွားကို ဆောင်ရွက်သူ) မှာ ရှိရမယ့် အရည်အချင်း ၁၅ မျိုး

     သက္ကော ဥဇူစ သုဟုဇူစ၊သုဝစောစဿ မုဒု အနတိမာနီ။

) သက္ကော - စွမ်းနိုင်သူ 

(၁။ ယုံကြည်ချက်ရှိသူ

၂။ ကျန်းမာရေးကောင်းသူ (မျှတသော ဝမ်းမီးရှိသူ၊ ဝမ်းမီးထက်ရင် ခဏခဏဆာ၊ ဝမ်းမီးညံ့ရင် အစာမကြေ

၃။ လုံ့လဝီရိယ၊ ကြိုးစားအားထုတ်မှုရှိသူ 

၄။ စဥ်းစားဆင်ခြင်နိုင်စွမ်းရှိသူ)

) ဥဇူစ - ကိုယ်နှုတ်ရိုးသားဖြောင့်မတ်သူ၊ ကောက်ကျစ်သူ မဟုတ်သူ၊ ဝါကြွားခြင်း မရှိသူ

သာထေးယ? - မရှိဘဲ ရှိသလိုပြ

မာယာ - အပြစ်ကို ဖုံး

) သုဟုဇူစ - စိတ်ဓာတ်ဖြောင့်မတ်သူ

) သုဝစောစဿ (သုဝစ) - ပြောဆိုရလွယ်သူ၊ အကြံပေးရလွယ်သူ

) မုဒု - စိတ်နှလုံး နူးညံ့သိမ်မွေ့သူ၊ အပြောအဆိုယဥ်ကျေးသူ၊ ဒေါသခက်ထန်သူ မဟုတ်

) အနတိမာနီ - လွန်ကဲတဲ့ မာနမရှိသူ။ ထားသင့်တဲ့ မာန၊မဖြစ်မနေ ကြိုးစားမယ်ဆိုတဲ့ မာနက ထားရမယ် (သူတောင် ဖြစ်သေးတာ ငါလည်း ဖြစ်ရမယ်) အတိမာန မရှိရဘူး။ သူများကို စော်ကားတဲ့ မာန မရှိရဘူး။

ဥပမာ - သုမေဓာရသေ့ ဒီပင်ကရာဘုရားထံမှာ ဗျာဒိတ်ခံတုန်းက ဘုရားဖြစ်အောင်လုပ်ပြီး သတ္တဝါတွေကို ကယ်ဦးမယ်ဆိုတဲ့ မာန။

၄။ သန္တုဿကော သုဘရော စ၊အပ္ပကိစ္စော သလ္လဟုကဝုတ္တိ။

) သန္တုသက - ၁။ ကိုယ့်ရှိတာနဲ့ ကျေနပ်တယ်၊ သူများဟာကို မလိုချင်ဘူး။ 

၂။ ဇီဇာမကြောင်ရဘူး။ ချေးမများရဘူး။ ကိုယ့်ဟာလေးနဲ့ ကျေနပ်ရမယ်။ 

(သံ - မိမိ၊ တုသ - ကျေနပ်

) သုဘရ - အပြုအစုလွယ်သူ။ မွေးမြူလွယ်သူ။ ချေးမများသူ။ ကိုယ့်ဟာကိုယ်ရော သူများလုပ်ပေးတာရော စိတ်တိုင်းကျ = သန္တုသကဖြစ်ရင် သုဘရဖြစ်

) အပ္ပကိစ္စ - အပိုကိစ္စတွေ မများစေနဲ့။ မလုပ်မဖြစ်တာပဲ လုပ်။ များနေရင်တောင်မှ အချိန်ပေးပြီး မေတ္တာဘာဝနာပွားရမယ်

၁၀) သလ္လဟုကဝုတ္တိ - ပေါ့ပေါ့ပါးပါး အသက်မွေး၊ ကိန်းကြီးခန်းကြီး မနေ။ 

     သန္တိန္ဒြိယော နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

၁၁) သန္တိန္ဒြိယ - ဒွါရ ပါးကို အစိုးရသူ (လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် စောင့်ထိန်းသူ)

၁၂) နိပကော - ဆင်ခြင်တုံတရားရှိသူ၊ ဓမ္မအသိပညာ ရင့်ကျက်လာအောင် ကြိုးစားသူ။

ပညာကို ဘယ်လိုရှာမလဲ။

သုတမယပညာ - တရားနာ၍ ဆင်ခြင်စဥ်းစားခြင်း

စိန္တာမယပညာ - သူတစ်ပါးဆီက မကြားဖူးဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်စဥ်းစားခြင်း (ဘုရားလောင်း၊ ပစ္စေကဗုဒ္ဓါ)

ဘာဝနာမယပညာ - လက်တွေ့ကျင့်သုံးခြင်း

၁၃) အပ္ပဂဗ္ဘ - ကိုယ်နှုတ်ရိုင်းပြမှု ရှောင်ကြဥ်ရမယ်

၁၄) ကုလေသွ နနုဂိဒ္ဓေါမိတ်ဆွေတွေအပေါ်မှာ ခင်မင်လွန်းအားကြီးမှု၊ တွယ်တာလွန်းအားကြီးမှု မရှိရဘူး (ရဟန်းသံဃာတွေရော၊ လူတွေရော) ငါ့မိတ်ဆွေ၊ငါ့တကာဆိုပြီး ဖြစ်မှာစိုးလို့။


၅။ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ 

၁၅) ယေန ဝိညူ ပရေ ဥပဝဒေယျုံ - ပညာရှိသူတော်ကောင်းတွေက 

ခုဒ္ဒ မာစရေ ကိဉ္စိ - အပြစ်တင်ပြီး မေးငေါ့စရာ အသေးအဖွဲကအစ မလုပ်ရဘူး။ 


     သုခိနော ခေမိနော ဟောန္တု၊သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။​​

သဗ္ဗသတ္တာ - ခြွင်းချက်မရှိ သတ္တဝါအားလုံး (ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ်၊ လူ၊ တိရိစ္ဆာန်၊ သက်ရှိမှန်သမျှ

သုခိနော - ချမ်းသာပါစေ။ 

ခေမိနော - ဘေးကင်းပါစေ။

သုခိတတ္တ - စိတ်ချမ်းသာမှုနဲ့ ပြည့်စုံပါစေ။ (အတ္တ - စိတ်)


အမြဲပဲ နှုတ်ထဲဆိုနေရမယ်။ 


အသေးစိတ် မေတ္တာပို့

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ နဝသေသာ။

အနဝသေသ - အကြွင်းအကျန်မရှိ

ယေ ကေစိ - အားလုံးသော

ပါဏဘူတတ္ထိ - လောကကြီးမှာ ရှိတဲ့ သက်ရှိသတ္တဝါ

တသ - ကြောက်လန့်တတ်တဲ့ သတ္တဝါ (ကိလေသာ အာသဝေါ မကင်းသေးတဲ့ ပုထုဇဥ်၊ သေက္ခပုဂ္ဂိုလ်)

ထာဝရ - ကြောက်လန့်မှု ကင်းသွားတဲ့ ရဟန္တာ (ကိလေသာ အာသဝေါ ကင်းသွားတဲ့ ရဟန္တာပုဂ္ဂိုလ်)

ကြောက်တတ်၊ မကြောက်တတ် ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ 

(*သက်ရှိကိုပဲ မေတ္တာပို့ရမယ်။ သက်မဲ့တွေကို ပို့လို့ မရဘူး။

ဂျိန်းဝါဒ - သက်မဲ့တွေပါပို့)

     ဒီဃာ ဝါ ယေ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒီဃ - ရှည်လျားတဲ့ သတ္တဝါ

မဇ္ဈိမ - အလယ်အလတ် သတ္တဝါ

ရဿ - တိုတဲ့၊ ပုတဲ့ သတ္တဝါ

ရှည်၊ တို၊ အလတ် ရပ် ခန္ဓာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ 


မဟန္တ - ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တဝါ (ဆင်၊ ဝေလငါး)

မဇ္ဈိမ - အလယ်အလတ် သတ္တဝါ

အဏုက - သေးသေးလေး (ပုရွက်ဆိတ်)

ထူလ - ခန္ဓာကိုယ် (ဝ၊ ပိန်၊ မပိန်မဝ)

ကြီး၊ ငယ်၊ အလတ် ရပ် ခန္ဓာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ 


၇။ ဒိဌာ ဝါ ယေ အဒိဌာ၊ယေ ဒူရေ ဝသန္တိ အဝိဒူရေ။ 

ဒိဌာ ဝါ ယေ အဒိဌာ - မျက်စိနှင့် မြင်ရသော သတ္တဝါ၊ မျက်စိနှင့် မမြင်ရသော သတ္တဝါ။

မြင်အပ်၊ မမြင်အပ် ရပ်များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ 

ယေ ဒူရေ ဝသန္တိ အဝိဒူရေ - အဝေးမှာနေသော သတ္တဝါ၊ အနီးမှာနေသော သတ္တဝါ။

ဝေးနေ၊ နီးနေ ထွေများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ 


     ဘူတာ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 

၁။

သမ္ဘဝေသီ - Fetus အဆင့်၊ ခန္ဓာကိုယ် မပီပြင်သေး

ဘူတ - မိခင်ဝမ်းထဲက ထွက်သွားပြီး ခန္ဓာကိုယ်အချိုးအစား ပီပီပြင်ပြင် ဖြစ်ပြီးသား သတ္တဝါ


၂။ နောက်တစ်နည်း 

သမ္ဘဝေသီ - ဘဝတစ်ခုမှာ သန္ဓေတည်တဲ့ အခြေအနေဖြစ်နေတဲ့သူ (ကြက်ဥထဲ အကောင်မပေါက်သေးခင်)

ဘူတ - သန္ဓေတည်ပြီး ဖြစ်လာတဲ့သူ (ဥခွံထဲက ထွက်ပြီး ကြက်အကောင်ပေါက်လေး ဖြစ်)


၃။ နောက်တစ်နည်း 

သမ္ဘဝေသီ - နောက်ဖြစ်ဦးမှာ၊ ဘဝက အဆုံးမသတ်သေးသူတွေ ပုထုဇဥ်၊သေက္ခပုဂ္ဂိုလ်

ဘူတ - ဖြစ်ပြီးသားသူ (ရဟန္တာ)

ဘဝဇာတ်ဆုံး၊မဆုံး များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ 



၈။ ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ ကဉ္စိ။ 

ပရော - တစ်ယောက်သောသူသည်

ပရံ - တစ်ခြားတစ်ယောက်ကို 

နိကုဗ္ဗေထ - လိမ်လည်လှည့်စားမှု မရှိပါစေနှင့်

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ 


ကဉ္စိ - ဘယ်သူ့ကိုမှ 

ကတ္ထစိ - ဘာကိစ္စ (ပညာရေး၊ စီးပွားရေး၊ ..) နဲ့မှ 

နာတိမညေထ - အထင်မသေးကြပါစေနှင့်

အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ 


     ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။

ဗျာရောသနာ - စော်ကားခြင်း၊ ရန်စောင်စောင်းချိတ်ပြောခြင်း အတေးအမှတ်ထားခြင်း

ပဋိဃသည - ဒေါသနဲ့ မုန်းတီးခြင်း၊ စိတ်နဲ့ သူများသိက္ခာကို ထိခိုက်အောင် ပုတ်ခတ်ခြင်း

နာညမညဿ ဒုက္ခ မိစ္ဆေယျ

အညမညဿ - တစ်ဦးနှင့်တစ်ဦး ဒုက္ခ - ဒုက္ခဖြစ်အောင် နဣိစ္ဆေယျ - မလုပ်ကြပါစေနှင့်

လူတွေရဲ့ ဆင်းရဲမှုကို မလိုလားကြပါစေနှင့်။

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ 


၉။ မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ။

မာတာ ယထာ - မိခင်လိုမျိုး

နိယံပုတ္တ - မိမိရင်မှဖြစ်သော သားကို

မာယုသာ (အာယုသာ) - ကိုယ့်အသက်ပေးပြီး 

ဧကပုတ္တ - တစ်ဦးတည်းသော သားသမီးကို 

သားသမီးတစ်ယောက်တည်း ရှိ (သားသမီးတွေ များနေရင် ချစ်စရာတွေ များနေဦးမယ်) တဲ့ မိခင်ဟာ သူသာ သေရင် သေပါစေ။ သားသမီးကို အသက်ပေးပြီး ချစ်ခင်မြတ်နိုးသလို၊ စောင့်ရှောက်သလိုမျိုး။ 


       ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ 

ထိုမိခင်ရဲ့ မေတ္တာလိုပဲ သတ္တဝါတွေအပေါ်မှာ အတိုင်းအတာမရှိ ထားနိုင်အောင် ကြိုးစားပါ။

မာနသံ ဘာဝယေ အပရိမာဏံ - အကန့်အသတ် အတိုင်းအတာမရှိတဲ့ စိတ်ဓာတ်မျိုး ဖြစ်အောင်လုပ်ပါ

ဘာဝယေ - ဖြစ်အောင်လုပ်ပါ


၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။

ထိုမိခင်ရဲ့ မေတ္တာလိုပဲ တစ်လောကလုံးက သတ္တဝါတွေပေါ်မှာ အတိုင်းအတာမရှိ ထားနိုင်အောင် ကြိုးစားပါ။

       လောကကြီးတစ်ခုလုံးရှိ သတ္တဝါဆိုတာ 

       ဥဒ္ဓံ အဓော တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။ 

အရပ်မျက်နှာ

ဥဒ္ဓ - အထက်အရပ်

ဓော - အောက်အရပ်

တိရိယာ - အလယ်အရပ်


အသမ္ဗာဓံ - မကျဥ်းမြောင်းဘူး၊ ကျယ်ပြန့်တယ် (သတ္တဝါတိုင်းအပေါ်မှာ တညီတည်း ထားရမည်) 

အဝေရ - ပူလောင်စေတဲ့ အတွင်းရန်ဒေါသ မရှိဘူး။ အပြင်ရန်ကတော့ ရှိရင်လည်း ရှိမယ်။ အပြင်ရန်က ဒီဘဝပဲ အန္တရာယ်ပေးနိုင်။ အတွင်းရန် အမုန်းတရားက ရန်သူအစစ်။ ကင်းအောင် လုပ်ရမယ်။ 

အသပတ္တ - ဆန့်ကျင်ဘက်လုပ်တဲ့ သူတွေ မရှိဘူး။



၁၁။ တိဌံ စရံ နိသိန္ဒော ဝ၊သယနော ယာဝတဿ ဝီတမိဒ္ဓေါ။

ဣိရိယာပုတ် ပါးစလုံး

တိဌ - မတ်တပ်ရပ်နေတုန်း

စရံ - လမ်းလျှောက်နေတုန်း

နိသိန္ဒ - ထိုင်နေတုန်း 

သယနော - လှဲလျောင်းနေတုန်း 


       ဧတံ သတိံ အဓိဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။ 

ဧတံ သတိံ အဓိဌေယျ - မေတ္တာသတိလေးကို ကိုယ့်စိတ်ထဲမှာ အခိုင်အမာ တည်ဆောက်ပါ

ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု - မေတ္တာဘာဝနာဖြင့် နေထိုင်ခြင်းဟာ အမြင့်မြတ်ဆုံးသော နေထိုင်ခြင်း


၁၂။ ဒိဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ 


မေတ္တာအခြေခံ ရသွားရင် ဝိပဿနာကျင့်စဥ်အထိသွား (သတ္တဝါကို ဖျောက်)

) မေတ္တာဈာန်ရအောင်ပွား/သမာဓိရအောင်ပွား/မေတ္တာဘာဝနာပွား/သမထကျင့်စဥ် - သတ္တဝါပေါ်မှာပွား

လိင်တူချင်း မေတ္တာပို့ရမယ်။ လိင်မတူရင် တဏှာဝင်လာနိုင်။

မိမိကိုယ်ကို၊ မိတ်ဆွေ၊ မချစ်မမုန်းသောသူ၊ရန်သူ ( ဦးဟာ တစ်သားတည်း ဖြစ်သွားတဲ့အတွက် ခွဲခြားမှုမရှိတဲ့အထိ ပွား)


ဒိဌိဉ္စ အနုပဂ္ဂမ္မ - သတ္တဝါရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ အမြင်ကို မဖြစ်ပါစေနဲ့ (ဝိပဿနာဉာဏ်ဖြစ်)

) ဝိပဿနာ ကျင့်စဥ်သွားရင် ငါဆိုတာကို ဖျောက်ရမယ်။

ရုပ်နဲ့နာမ် ခုရတည်း ရှိတယ်ဆိုတာ သိအောင် လုပ်ရမယ်။ သတ္တဝါကို ပယ်ခွာပါ။ 

အတ္တဒိဌိကို ဖယ်ပါ။ 


သီလဝါ - ကိုယ်ကျင့်သီလ ပြည့်စုံအောင် အရင်လုပ်ရမယ်

သမာဓီဖြစ်ဖို့ သီလလို

သီလကို အကြောင်းပြုပြီး ကြည်နူး၊ ဝမ်းသာ၊ ပီတိ၊ ပဿတိ (ကိုယ်စိတ်ငြိမ်းအေး) သုခ၊ သမာဓိ၊ ယထာဘူတ ဉာဏဒဿန (မှန်မှန်ကန်ကန်သိတဲ့ ဉာဏ်ဖြစ်)

ဒဿနေန သမ္ဗန္နော - မှန်ကန်သော အမြင်ဖြင့် နိဗ္ဗာန်ကို မြင် (သောတာပန်ဖြစ်)


       ကာမေသု ဝိနေယျ ဂေဓံ၊ ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

ကာမေသု - ကာမအာရုံမှာ

ဂေဓ - မက်မောမှု

ကာမအာရုံမှာ မက်မောမှုကို ဖယ်ရှားပစ်ပါ (သကဒါဂါမ်၊ အနာဂါမ်ဖြစ်)

အနာဂါမ်ဖြစ်ရင် ကာမဂုဏ်တွေပေါ်မှာ တပ်မက်တဲ့ တဏှာကင်းသွား


ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ - ကိလေသာတွေ ဖယ်ပြီးဖြစ်လို့ ကံတရားတွေ အကျိုးမပေးနိုင်တော့လို့ နောက်ဆုံးမှာ မိခင်ဝမ်းမှာ (ဘဝတစ်ခုမှာ) ဘယ်တော့မှ ပြန်လည်မွေးဖွားမှာ မဟုတ်တော့ဘူး။ 

(ရဟန္တာဖြစ်)

No comments:

Post a Comment

Popular Posts