ပါမောက္ခချုပ်ဆရာတော်ကြီး၏ မောရသုတ်အနှစ်ချုပ် ဗီဒီယိုကြည့်ရန်
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
၄။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊၊
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရသိ ဧသနာ။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဒိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။
==========================================================
ဉုံ (ဟိန္ဒူမန္တန်) (ဗုဒ္ဓဘာသာမဟုတ်)
ဉုံ = အ (a)၊ အု (u)၊ မ (m) နောက်ဆုံးစာလုံး အသံထွက်
အ (Brahma a ဗြဟ္မာ Creator)
အု (Vishnu u ဗိဿနိုးနတ် Protector)
မ (Shivam m သိဝနတ် = လူပုံနဲ့ ဆင်နှာမောင်းနတ် Destroyer)
*မန္တန်က ရွတ်ရုံပဲ။ ပရိတ်က လက်တွေ့ကျင့်သုံးရမှာ။
အမွှန်း = အကျိုးတရားကို ဖော်ပြခြင်း
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
ပူရေန္တံ - ဖြည့်ကျင့်နေစဥ် ကာလမှာ
ဗောဓိ - အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို
သမ္ဘာရေ - အထောက်အကူဖြစ်စေတဲ့ ပါရမီကုသိုလ်တရားတွေကို
မောရ ယောနိယံ - အကုသိုလ်အကျိုးပေးကြောင့် ဥဒေါင်း
နိဗ္ဗတ္တံ - ဖြစ်နေတဲ့
ယေန သံဝိဟိတာ ရက္ခံ - ကောင်းစွာ စီမံထားတဲ့ အစောင့်အရှောက်
မဟာသတ္တံ - မြင့်မြတ်တဲ့ ဘုရားအလောင်းကို
ဝနေစရာ - တောထဲ လှည့်လည်သွားလာနေတဲ့ မုဆိုး
၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
စိရဿံ ဝါယမန္တာပိ - နှစ်ပေါင်းများစွာ ဖမ်းဖို့ ကြိုးစားနေပေမဲ့
နေဝ သက္ခိံသု - မတတ်နိုင်ခဲ့ကြဘူး
ဂဏှိတုံ - ဘုရားအလောင်းကို
ဗြဟ္မမန္တန္တိ - အလွန်ကောင်းမြတ်သော မန္တန်လို့
အက္ခာတံ - ချီးမွမ်းပြောဆိုအပ်တဲ့
ပရိတ္တံ တံ ဘဏာမ ဟေ - ဤပရိတ်တရားကို ရွတ်ဖတ်ကြပါစို့
အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို အထောက်အကူဖြစ်စေတဲ့ ပါရမီကုသိုလ်တရားတွေကို ဖြည့်ကျင့်နေစဥ် ကာလမှာ အကုသိုလ်အကျိုးပေးကြောင့် တိရိစ္ဆာန်ဖြစ်ရတဲ့ ဥဒေါင်းကြီးသည် မောရပရိတ် အစောင့်အရှောက်ဖြင့် မိမိကိုယ်ကို ကောင်းစွာ စီမံထားသည်။ တောထဲ လှည့်လည်သွားလာနေတဲ့ မုဆိုးတွေသည် မြင့်မြတ်တဲ့ ဘုရားအလောင်းကို နှစ်ပေါင်းများစွာ ဖမ်းဖို့ ကြိုးစားနေပေမဲ့ မတတ်နိုင်ခဲ့ကြဘူး။ အလွန်ကောင်းမြတ်သော မန္တန်လို့ ချီးမွမ်းပြောဆိုအပ်တဲ့ ဤပရိတ်တရားကို ရွတ်ဖတ်ကြပါစို့။
*ဘုရင်ပေါင်း ၆ ဆက်တောင် သေသွားပေမဲ့ ဒေါင်းကို မမိ။ မုဆိုး ၇ ဆက်မြောက်မှာ မန္တန်မရွတ်မီ ဒေါင်းမနဲ့ မျှားပြီးဖမ်း။ စကြဝတေးမင်းဖြစ်ခဲ့ပြီး ငါးပါးသီလစောင့်ခဲ့လို့ ရွှေအဆင်းကို ရ။ အကုသိုလ်လုပ်ခဲ့လို့ ဒေါင်းတိရိစ္ဆာန်ဖြစ်။ ရွှေအဆင်းရှိပေမဲ့/သေတတ်တဲ့ အကောင်ရဲ့ အသားကို စားရင် မသေဘူးဆိုတာ ယုတ္တိမရှိဘူး။
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
ဥဒေတယံ - နေထွက်ချိန် (ဥဒေတိ၊ ယံ) (နေမင်းကို လေးစားသမှုနဲ့ ရှိခိုးအလေးပေး။ သုံးကျွန်းလင်းခိုက်၊ တစ်ကျွန်းမိုက် = ကျွန်းလေးကျွန်းရှိတဲ့ အထဲမှာ ကျွန်းသုံးကျွန်းလုံးကို တစ်ပြိုင်နက် အလင်းပေးနိုင်။ ဥဒေါင်းရှိခိုးတာ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး)
စက္ခုမာ - နေမင်းက သတ္တဝါတွေရဲ့ မျက်စိကို စိုးမိုးထား (လူတွေမှာ မျက်စိရှိပေမဲ့ နေမင်းက အလင်းရောင်ပေးမှ လူတွေက မြင်ရတာ)
ဧကရာဇာ - တစ်ပါးတည်းသော ဘုရင်
ဟရိဿ ဝဏ္ဏော - ရွှေနဲ့တူသော အဆင်း
ပထဝိပ္ပဘာသော - ကမ္ဘာမြေပြင်ကြီးတစ်ခုလုံးကို အလင်းရောင်တွေ ဖြန့်ကျက်နိုင်တယ်
တံ တံ - သင်နေမင်းကြီးကို
နမဿာမိ - လေးစားပါတယ်၊ ရှိခိုးပါတယ်
ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ - ဤသို့ …..
တယာဇ္ဇ ဂုတ္တာ - (အဇ္ဇ - ဒီနေ့၊ တယာ ဂုတ္တာ - သင်၏စောင့်ရှောက်မှုဖြင့်)
ဝိဟရေမု - နေပါရစေ
ဒိဝသံ - တစ်နေ့တာမျှ
နေထွက်ချိန်မှာတစ်ခါ တွန်ကြူး။ သတ္တဝါအားလုံးကို စက္ခုအလင်းပေးတဲ့ တစ်ပါးတည်းသော ဘုရင်ဖြစ်တဲ့၊ ရွှေရောင်အဆင်းရှိတဲ့၊ ကမ္ဘာမြေပြင်ကြီးကို အလင်းရောင်တွေ ဖြန့်ကျက်ပေးတဲ့ နေမင်းကြီးကို ရှိခိုးပါတယ်။ ဤသို့ ရွှေရောင်အဆင်းရှိတဲ့၊ ကမ္ဘာမြေပြင်ကြီးကို အလင်းရောင်တွေ ဖြန့်ကျက်ပေးတဲ့ နေမင်းကြီး၏ စောင့်ရှောက်မှုဖြင့် ဒီနေ့ တစ်နေ့တာမျှ နေပါရစေ။
၄။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊၊
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရသိ ဧသနာ။
ယေ
ဗြဟ္မဏာ - မကောင်းမှုအကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားထားတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် (ဘုရား၊ ရဟန္တာ)
ဝေဒဂူ - အသိဉာဏ်ဖြင့် အမှန်အကန် သိပြီးဖြစ်တဲ့
သဗ္ဗဓမ္မေ - တရားမှန်သမျှကို
တေ မေ နမော - ထိုပုဂ္ဂိုလ်တွေကို ရှိခိုးပါတယ်၊ ဦးညွတ်ပါတယ်
တေ စ မံ ပါလယန္တု - ထိုပုဂ္ဂိုလ်တွေက ကျွန်ုပ်ကို စောင့်ရှောက်ပါစေ
တရားမှန်သမျှကို အသိဉာဏ်ဖြင့် အမှန်အကန် သိပြီးဖြစ်တဲ့ မကောင်းမှုအကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားထားတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် (ဘုရား၊ ရဟန္တာ) တွေကို ရှိခိုးပါတယ်။ ထိုပုဂ္ဂိုလ်တွေက ကျွန်ုပ်ကို စောင့်ရှောက်ပါစေ။
နမတ္ထု ဗုဒ္ဓါနံ - ဘုရားရှင်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ
နမတ္ထု ဗောဓိယာ - အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ
နမော ဝိမုတ္တာနံ - ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်ပြီးဖြစ်တဲ့ ဘုရားရဟန္တာတွေကို ရှိခိုးဦးညွတ်ပါတယ်
နမော ဝိမုတ္တိယာ - ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်စေတတ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တရားကို ရှိခိုးဦးညွတ်ပါတယ်
ဣမံ သော ပရိတ္တံ ကတွာ - ဒီပရိတ်ကို ရွတ်ပြီး၊ အရံအတားလုပ်ပြီး
မောရော - ဥဒေါင်း
စရသိ ဧသနာ - ကျက်စားရာ အရပ်ကို ပျံသွားတယ်
ဘုရားရှင်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ။
အရတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ရှိခိုးဦးညွတ်မှုဖြစ်ပါစေ။
ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်ပြီးဖြစ်တဲ့ ဘုရားရဟန္တာတွေကို ရှိခိုးဦးညွတ်ပါတယ်။
ဆင်းရဲဒုက္ခ ကိလေသာအာသဝတွေက လွတ်မြောက်စေတတ်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တရားကို ရှိခိုးဦးညွတ်ပါတယ်။
ဒီပရိတ်ကို ရွတ်ပြီး ဥဒေါင်းဟာ ကျက်စားရာ အရပ်ကို ပျံသွားတယ်။
*ဒါကြောင့် မုဆိုးကျော့ကွင်းမှာ အကြိမ်ကြိမ် မိသော်လည်း လွတ်သွားတယ်
*အင်းဝမင်းဆက် စစ်ကိုင်းစည်သူမင်း အခေါက် ၁၀၀၀ ရွတ်တယ်။ တရားသဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
အပေတယံ - နေဝင်ချိန် (အပေတိ၊ ယံ)
ရတ္တိံ - တစ်ညတာ
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဒိယာ၊ နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။
ဝါသ မကပ္ပယိ - ညဉ့်အခါ၌ နေလေ၏
No comments:
Post a Comment